ခင်ပွန်းဖြစ်သူ ဏကြီး ရဲ့ အနုပညာ ဖန်တီးမှုကြောင့် အခြားလူ တစ်ယောက် အလား အံ့သြမှင်သက်လောက်စရာ ပုံစံအသစ်နဲ့ ပေါ်ထွက်လာတဲ့ ပိုင်ဖြိုးသု ..

Posted on

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ နှစ်ဦး ကတော့ အနုပညာကို ချစ်မြတ်နိုးကြတာခြင်းတူသူတွေမို့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံး ကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပါ။ အနုပညာကို ရူးသွပ်ခုံမင်ပုံချင်းတူညီကြတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ကတော့ သူတို့နှစ်ယောက်အတူတူဖန်တီးကြတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကလည်း အခုအချိန်ထိ ရင်သွေးမယူသေးပဲ ပရိသတ်တွေအတွက်သာ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အနုပညာအရည်အချင်းတွေကိုယ်စီကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံက ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေ အတွက် အံ့သြမှင်သက်လောက်စရာ Story လေးကို ချပြလာပါတယ်။ ပိုင်ဖြိုးသုကတော့ ခင်ပွန်းဖြစ်သူဏကြီးရဲ့ Concept တွေပါဝင်တဲ့ Story တစ်ခုမှာ စီးကရက်ကြီးခဲပြီး ပရိသတ်တွေ လုံးဝ မမြင်ဖူးသေးတဲ့ စတိုင်လ် ဒီဇိုင်းနဲ့ အရမ်းကို မိမိုက်ပြီး အခြားလူတစ်ယောက်အလား ထင်မှတ်ရတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဏကြီးကလည်း ပရိသတ်တွေအတွက် မတူညီတဲ့ ခံစားမှု ရသတွေကို ချပြဖို့ အမြဲတမ်းကြိုးစားနေသလို ပိုင်ဖြိုးသု ကလည်း ခင်ပွန်းဖြစ်သူ ဖြစ်ချင်တဲ့ ပုံစံအတိုင်း အံဝင်ခွင်ကျသရုပ်ဆောင်ပေးနိုင်တာ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ထူးခြားတဲ့ အချက်လေးပါပဲ။ ပရိသတ်ကြီးလည်း အခြားလူတစ်ယောက်အလား ထင်မှတ်ရ တဲ့ ပိုင်ဖြိုးသုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အံ့သြမှင်သက်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Phyoe Thu’s fb
Bilie – Cele Connections

ZAWGYI





Leave a Reply

Your email address will not be published. Required fields are marked *