ခက်ခဲနေတဲ့ ပြည်သူတွေ အတွက် နေ့စဉ် နေ့ တိုင်း ထမင်းဟင်းတွေ အပင်ပန်းခံ ချက်ပြုတ်ပြီး ကျွေးမွေး လှူဒါန်းနေတဲ့ စူးရှထက်

Posted on

မော်လ်ဒယ်သရုပ်ဆောင် အဖြစ် ပရိသတ်တွေ အားပေးလက်ခံကြတဲ့ စူးရှထက် ကတော့ လက်ရှိ အခြေအနေတွေမှာ ပြည်သူတစ် ယောက် အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေနဲ့ လှူဒါန်းမှုတွေမှာပါ အဖက်ဖက် ကနေ ပြည်သူတွေ နဲ့အတူ ပါဝင် အားဖြည့်နေတဲ့ စူးရှထက်ကတော့ ငွေကြေး တွေအပြင် ငွေအင်အားလူ အင်အားနဲ့ အင်တိုက် အားတိုက်ပါဝင်နေတာပါ..။

အခုလို အများပြည်သူတော်တော်များများ ခက်ခဲနေကြတဲ့ အချိန်မှာ ပြည်သူ တစ်ယောက်အနေနဲ့ ကျရာတာဝန်တွေကိုတတ် နိုင်သလောက် ထမ်းဆောင်နေတဲ့ စူးရှထက်ကတော့ နေ့စဉ်နေ့တိုင်း ထမင်းဟင်းတွေ ချက်ပြုတ် လှုဒါန်းနေတာလည်း တွေ့ရပါတယ်..။ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် ထမင်းဟင်းတွေ ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ပြီး ကျွေးမွေးလှူဒါန်း နေတဲ့ပုံရိပ်လေး တွေ ကိုလည်း ပရိသတ်တွေနဲ့အလှူရှင်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ စူးရှထက်က ဝေမျှထားပါသေးတယ်..။

“မနေ့က အလှူလေး နဲ့ ဒီနေ့အလှူပေါင်း တင်လိုက် တယ်နော် အလှူရှင်များ နတ်လူသာဓုခေါ်နိုင်ကြပါစေ🙏🙏🙏..” ဆိုပြီး သူမကိုယ်တိုင်ချက် ပြုတ်လှူဒါန်းတဲ့ အလှူလေးကို ဝေမျှထားတာပါ..။အခုလို ခက်ခဲနေကြတဲ့အချိန် နေ့စဉ်နေ့တိုင်း ကိုယ်တိုင်ချက်ပြုတ် အပင်ပန်းခံကာ ပြည်သူ တွေ အတွက်လှူဒါန်းမှုတွေ ပြုလုပ်ရင်း ပီတိလေးတွေနဲ့ ကုသိုလ်ယူနေတဲ့ စူးရှထက်ရဲ့ ပုံရိပ်လေးတွေကိုလည်း အားလုံး အတွက် တင်ဆက် ပေးလိုက် ပါတယ်..။

Credit – Zar Chi’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *