ခက်ခဲနေတဲ့ ပြည်သူတွေကို စားနပ် ရိက္ခာတွေ လှူဒါန်းဖို့ အတွက် အပင်ပန်း ခံပြီး သေသေ ချာချာ ထုတ်ပိုးပြင်ဆင်နေတဲ့ ဝေဠုကျော်

Posted on

ပရိသတ်ကြီးရေ.. ဝေဠုကျော်ဖောင်ဒေးရှင်း ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေ အတွက် လှူဒါန်းမှုတွေကို ဆက်တိုက်လုပ်ဆောင်ကာ ငွေအင်အား၊ လူအင်အားတွေနဲ့ အားဖြည့်ပါဝင်နေပြီး အားလုံးနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ်..။ လိုအပ်ပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေ အတွက် ၇ ရက်သားသမီး စေတနာရှင်တွေလှူဒါန်းထားတဲ့အလှူငွေတွေနဲ့အတူ စားနပ်ရိက္ခာတွေကို နေ့တိုင်းလိုလို တတ်နိုင်သလောက် ပြန်လည်လှူဒါန်းနေတာပါ..။

ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အမြဲ ရပ်တည်ပြီးဖေးမကူညီနေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့ မှာလည်း သာကေတမြို့နယ်က ခက်ခဲနေကြတဲ့ပြည်သူတွေအတွက် ဆန်နဲ့ စားသောက်ကုန်တွေကို ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ ပြည်သူ တွေကိုလှူဒါန်းဖို့ အတွက်ကိုလည်း ဝေဠုကျော်က ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ သေသေချာချာ ထုတ်ပိုးပြင်ဆင်နေတာဖြစ်ပြီး ရပ်ကွက်အခြေအနေတင်းမာမှုတွေကိုလည်း ပြောပြထားပါသေးတယ်..။

“1-4-2021 ဝေဠုကျော်ဖောင်ဒေးရှင်း မှ ဒီရက်ပိုင်း အခြေအနေတင်းမာခဲ့သည့် သာကေတမြို့နယ်မှ လိုအပ် နေသော မိသားစု ၅စုစာအတွက် သူငယ်ချင်း မှတဆင့် တစ်အိမ်ထောင်လျှင် ဆန် ၃ပြည်စီ ကြက်သွန်နီ ၅၀သါး စီ ကြက်ဥ ၁၀လုံး စီ တို့ကို လှူဒါန်းပေ းလိုက်ပါတယ်။ ဒီရပ်ကွက် လည်း အခြေအနေတင်းမာရာက အခုတော့ နယ်ခံလူနည်းနည်းပဲ ကျန်တော့ပြီး စားသောက်ရေး တော်တော် ခက်ခဲနေကြပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010 09455500014 09776089484..” ဆိုပြီး အလှူနဲ့ပတ်သက်ပြီးတော့လည်း ဖောင်ဒေးရှင်း ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

သတင်းအရင်းမြစ်: Wai Lu Kyaw Foundation’s Fb Page

zawgyi

ပရိသတ္ႀကီးေရ.. ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း ကေတာ့ လက္ရွိအေျခအေနေတြမွာ ျပည္သူေတြ အတြက္ လႉဒါန္းမႈေတြကို ဆက္တိုက္လုပ္ေဆာင္ကာ ေငြအင္အား၊ လူအင္အားေတြနဲ႔ အားျဖည့္ပါဝင္ေနၿပီး အားလုံးနဲ႔အတူ ရပ္တည္ေနတာ ျဖစ္ပါတယ္..။ လိုအပ္ၿပီး စားဝတ္ေနေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ႀကဳံေတြ႕ေနၾကရတဲ့ ျပည္သူေတြ အတြက္ ၇ ရက္သားသမီး ေစတနာရွင္ေတြလႉဒါန္းထားတဲ့အလႉေငြေတြနဲ႔အတူ စားနပ္ရိကၡာေတြကို ေန႔တိုင္းလိုလို တတ္ႏိုင္သေလာက္ ျပန္လည္လႉဒါန္းေနတာပါ..။

ျပည္သူေတြအတြက္ တတ္ႏိုင္တဲ့ဘက္ကေန အၿမဲ ရပ္တည္ၿပီးေဖးမကူညီေနတဲ့ ေဝဠဳေက်ာ္ကေတာ့ ဒီကေန႔ မွာလည္း သာေကတၿမိဳ႕နယ္က ခက္ခဲေနၾကတဲ့ျပည္သူေတြအတြက္ ဆန္နဲ႔ စားေသာက္ကုန္ေတြကို ေပးေဝလႉဒါန္းခဲ့တာ ျဖစ္ပါတယ္..။ ျပည္သူ ေတြကိုလႉဒါန္းဖို႔ အတြက္ကိုလည္း ေဝဠဳေက်ာ္က ကိုယ္တိုင္ကိုယ္က်အပင္ပန္းခံကာ ေသေသခ်ာခ်ာ ထုတ္ပိုးျပင္ဆင္ေနတာျဖစ္ၿပီး ရပ္ကြက္အေျခအေနတင္းမာမႈေတြကိုလည္း ေျပာျပထားပါေသးတယ္..။

“1-4-2021 ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း မွ ဒီရက္ပိုင္း အေျခအေနတင္းမာခဲ့သည့္ သာေကတၿမိဳ႕နယ္မွ လိုအပ္ ေနေသာ မိသားစု ၅စုစာအတြက္ သူငယ္ခ်င္း မွတဆင့္ တစ္အိမ္ေထာင္လွ်င္ ဆန္ ၃ျပည္စီ ၾကက္သြန္နီ ၅၀သါး စီ ၾကက္ဥ ၁၀လုံး စီ တို႔ကို လႉဒါန္းေပ းလိုက္ပါတယ္။ ဒီရပ္ကြက္ လည္း အေျခအေနတင္းမာရာက အခုေတာ့ နယ္ခံလူနည္းနည္းပဲ က်န္ေတာ့ၿပီး စားေသာက္ေရး ေတာ္ေတာ္ ခက္ခဲေနၾကပါတယ္။ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း 09455500010 09455500014 09776089484..” ဆိုၿပီး အလႉနဲ႔ပတ္သက္ၿပီးေတာ့လည္း ေဖာင္ေဒးရွင္း ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာကေန အသိေပးေျပာျပထားတာ ျဖစ္ပါတယ္..။

သတင္းအရင္းျမစ္: Wai Lu Kyaw Foundation’s Fb Page

Leave a Reply

Your email address will not be published. Required fields are marked *