ကွဲကွာနေ တဲ့ သူငယ်ချင်းတွေ နဲ့ အတူ ပြန်ဆုံချင်တဲ့ အကြောင်း စိတ်မကောင်းစွာ ပြောပြ လာတဲ့ သန္တာဗိုလ်

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအထိုက် အလျောက်ရရှိထားတဲ့ မော်လ်ဒယ် သရုပ်ဆောင် မင်းသမီးချော သန္တာဗိုလ်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ အားလုံးနဲ့ အတူ ရပ်တည်နေသူပါပဲ..။

ယုံကြည်ချက်နဲ့ အနာဂတ်အတွက် ပြည်သူတွေအားလုံးကြိုးစားနေကြတဲ့ အချိန်မှာလည်း သန္တာဗိုလ်ကလည်း လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ကာ ဖေးမကူညီမှုတွေ နေတာလည်း ဖြစ်ပါတယ်..။

လက်ရှိ အခြေအနေတွေမှာ ၅၀၅ က နဲ့ အရေးယူ ဖမ်းဆီးခံထားရသူတွေ ထဲမှာ အနုပညာရှင်တွေ တော်တော်များများလည်း ပါဝင်နေပြီး ပရိသတ်တွေအားလုံးကလည်း သူတို့ချစ်ခင်အားပေးနေကြတဲ့ အနုပညာရှင်တွေ အတွက် စိတ်ပူနေကြတာလည်း တွေ့ရပါတယ်..။

ကွဲကွာနေကြတဲ့ သူငယ်ချင်းတွေအားလုံးနဲ့အတူ ပြန်ဆုံချင်တဲ့အကြောင်းကို အမှတ်တရ ဓာတ်ပုံလေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

“သူငယ်ချင်းတွေ ဒီလိုလူစုံပြန်ဆုံချင်ပြီ😔..” ဆိုကာ သန္တာဗိုလ်က စိတ်မကောင်းစွာ ရေးသားပြောပြထားတာ ဖြစ်ပြီး အားလုံးကလည်း အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။

ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေကြရတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းစွာ ဖြစ်နေကြသလို အန္တရာယ်ကင်းဘေးရှင်းစေဖို့ကိုလည်း Comment တွေမှာ အသီးသီးဆုတောင်းအားပေးထားကြတာလည်း ဖြစ်ပါတယ်..။

Photo Credit – Thandar Bo’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *