ကြွေသွားတဲ့ ပန်းလေးတွေကို အားနာရ သလို အမှန်တရားဘက်မှာ ရပ်တည်တာမို့ လိပ်ပြာသန့်တဲ့ အကြောင်း ခိုင်မာ ပြတ်သားစွာပြောလာတဲ့ ချယ်ရီသင်း

Posted on

ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိတဲ့ အသံ ချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းတွေ သီဆိုတတ်တာတွေကြောင့် ဂီတလောကမှာအောင်မြင်မှုတွေများစွာရရှိထားတဲ့ အနုပညာရှင်အဆိုတော်တွေထဲမှာ ချယ်ရီသင်းကလည်း အပါအဝင်ပါပဲ..။

ချယ်ရီသင်းကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသလို ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီလှူဒါန်းနေသူလည်း ဖြစ်ပါတယ်..။

ချယ်ရီသင်းကတော့ အနာဂတ်နဲ့ ယုံကြည်ချက်တွေ အတွက် အခက်အခဲ တွေကြားက ပြည်သူအားလုံး ကြိုးစားလျှောက်လှမ်းနေတဲ့အချိန် တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေသလို သူမရဲ့ခံစားချက်တွေကိုလည်း ရင်ဖွင့်ပြောပြလာပါတယ်..။

ပန်းတွေနဲ့အတူ အမြဲမတ်မတ်ရပ်ခဲ့ပေမယ့် မဖူးပွင့် နိုင်သေးခင် မှာ ကြွေသွားကြရတဲ့ ပန်းကလေးတွေကို အားနာရသလို အမှန်တရား ဘက်မှာရပ်တည်နေတာမို့ လိပ်ပြာသန့်တဲ့အကြောင်းတွေကို ခိုင်မာပြတ်သားစွာ ပြောပြထားတာပါ..။

“စာကြောင်းတောင် ဖြောင့်အောင် မဖတ်တတ်…

ဘာသာစကားတောင် တည့်အောင် မပြော တတ်တဲ့….

လက်တွေထဲ….

ငါတို့ အနာဂါတ်လေးတွေ ထည့်ပေးလို့တော့ မရဘူးနော်…။

တန်ဖိုးကြီးလိုက်တာ….ဒီမိုကရေစီရယ်။

ပန်းတွေနဲ့ အတူ..

အမြဲ မတ်မတ်ရပ်ခဲ့တယ် ဆိုပေမယ့်…

မဖူးပွင့် နိုင်သေးခင် မှာတော့…

ကြွေသွားတဲ့ ပန်းကလေးတွေ ကို

အားနာတယ်။

အမှန်တရား ဘက်မှာမို့…..

လိပ်ပြာ သန့်တယ် ဆိုပေမယ့်..

လမ်းက အရှည်ကြီး..

ပန်းတွေချည်း နေ့တိုင်း ဖြန့်ခင်းနေရတယ်။

ရင်ထဲမှာ မဆန့်တော့ဘူး…..။ ” ဆိုပြီး ရေးသားထားတာပါ..။

ပရိသတ်တွေ ကလည်း ပြည်သူတွေအတွက် လိုအပ်တဲ့ နေရာတွေ မှာ ဖေးမကူညီပေးနေတဲ့ ချယ်ရီသင်းကို အားပေးချစ်ခင်နေတဲ့အကြောင်းတွေကိုလည်း Comment တွေမှာ ရေးသား ပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Cherry Thin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *