ကြွက်သား ဆုံးရှုံးတဲ့ ရောဂါသည် ညီအစ်ကို နှစ်ယောက် အတွက် လစဉ် အလှူငွေတွေ ထောက်ပံ့ ကူညီနေတဲ့ ဝေဠုကျော်

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ပိုင်းမှာ ဇာတ်ကားတွေ များစွာ နဲ့ အောင်မြင်မှုတွေအပြည့်အဝရရှိထားသလို ပရဟိတ အလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းသားကြီး ဝေဠုကျော်ပဲ ဖြစ်ပါတယ်..။

ဝေဠုကျော်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း လိုအပ်ပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက်လည်း စားသောက်ကုန်တွေပေးဝေ လှူဒါန်းနေတာလည်း ဖြစ်ပါတယ်..။

ပြည်သူတွေအတွကက် တတ်နိုင်သလောက် ဖေးမကူညီနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ကြွက်သားဆုံးရှုံးနေတဲ့ ညီအစ်ကိုနှစ်ယောက်အတွက်လည်း လစဉ်လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။

ဖခင်ဖြစ်သူက အိမ်က နှင်ချတာကြောင့် မိခင်ဖြစ်သူနဲ့ အတူ အိမ်ဌားနေကာ စားဝတ်နေရေးခက်ခဲနေတာဖြစ်ပြီး တစ်ကိုယ်ရေး သန့်ရှင်းမှုနဲ့ နေထိုင်စားသောက်မှုတွေကို အခြားသူက လုပ်ပေးနေရတဲ့ ရောဂါသည်ညီအစ်ကို နှစ်ယောက် အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..

“20-4-2021

ဝေဠုကျော်ဖောင်ဒေးရှင်း မှ

လစဉ် ထောက်ပံ့ ပေးနေသော မန္တလေး မှ ကြွက်သားဆုံးရှုံး

သည့်ရောဂါသည် ညီအကို ၂ယောက် အတွက် အလှူငွေ ၅သောင်း ကို ပေးပို့ ထောက်ပံ့ ပေးလိုက်ပါတယ်။

ဖခင်က အိမ်မှ နှင်ချ သဖြင့် မိခင် ၊ညီမတို့နှင့်အတူ အိမ်ငှားနေကာ စားဝတ်နေရေးခက်ခဲနေရှာတာပါ။

ပျောက်ကင်းအောင် မကုသနိုင်တဲ့ ရောဂါသည် ညီအကို တို့မှာ တစ်ကိုယ်ရည်သန့်ရှင်းရေး ၊ စားသောက်နေထိုင်မှုတို့ကိုတောင် အခြားလူက ကူပေးမှ အဆင်ပြေနိုင်ကြတာပါ။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484..” ဆိုပြီး လှူဒါန်းမှုကို အသိပေး ဝေမျှထားတာ ဖြစ်ပါတယ်..။

crd

Leave a Reply

Your email address will not be published. Required fields are marked *