ကြောက်စိတ်ကို ဘေးချိတ်ပြီး ယောက်ျားသားတွေ နဲ့ ရင်ဘောင် တန်းကာ ရဲစွမ်း သတ္တိ အပြည့် နဲ့ ပါဝင် လှုပ်ရှားနေကြတဲ့ အမျိုးသမီးများ

Posted on

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင် အမျိုးသမီးတွေ ကပါ အိမ်ထဲမှာမနေဘဲ ရဲစွမ်းသတ္တိအပြည့်နဲ့ စွမ်းစွမ်းတမံပါဝင်လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။ ထက်မြတ်ရဲရင့်ကြတဲ့ အမျိုးသမီးတွေကတော့ ယောကျ်ားသားတွေနဲ့ရင်ဘောင်တန်းပြီး အမှန်တရားအတွက် လမ်းမပေါ် ထွက်နေကြတာဖြစ်ပါတယ်။ အခုချိန်ထိလည်းလူငယ်တွေက တက်တက်ကြွကြွနဲ့ အားမာန်အပြည့်ရှိနေကြဆဲဖြစ်လို့ လူထုလှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြတာတောင် မမောမပန်းဘဲ ရှိနေကြတာ ဖြစ်ပါတယ်။

မိန်းကလေးတချို့ကလည်း မိမိရဲ့အသက်အန္တရာယ်ကိုပဓာနမထားဘဲ လမ်းမပေါ် ထွက်ပြီး ရှေ့တန်း မှာ ပါဝင်ကြတာဖြစ်ပါတယ်။ အခုရက်ပိုင်းတွေမှာဆိုရင် ပြည်သူလူထု ကလည်း အသက်အန္တရာယ် လုံခြုံရေးအတွက် ပိုမိုဆန်းသစ်တဲ့ နည်းဗျူဟာတွေကို စီစဉ်ထားကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေ ကလည်း ခံတပ်ဆောက်ကြတဲ့နေရာမှာ တစ်တပ်တစ်အားပါဝင်အားဖြည့်ပြီး ကူညီပေးကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေ ရဲ့ခွန်အားတွေကလည်း ယခုလို အချိန်မှာ တစ်နေရာရာအတွက် အသုံးဝင်တာဖြစ်လို့ အကုန်လုံးက တက်ညီလက်ညီနဲ့ရှေ့သို့ ဆက်လက် ချီတက်နေကြတာ ဖြစ်ပါတယ်။

တစ်ရက်ကဆိုရင်လည်း မိခင်တစ်ယောက်က သမီးရဲ့လက်ကို ဆွဲပြီး လူထုလှုပ်ရှားမှုတွေ လုပ်တဲ့နေရာကို လာခဲ့တာဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ မိဘတွေကပါ သားသမီးတွေကို ပံ့ပိုးကူညီပေးနေကြတာဖြစ်လို့ အရမ်းအားတက်စရာကောင်းပါတယ်။ အမျိုးသမီးကြီးငယ်မရွေးက ကြောက်စိတ်ကိုဘေးချိတ်ပြီး အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နေကြတာဖြစ်ပါတယ်။ တစ်လကျော်ကြာသွားသည့်တိုင်အောင် မိမိစွမ်းဆောင်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်ကြိုးစားနေကြတဲ့ ပြည်သူလူထုရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *