မင်းသားချောလေး စွမ်းဇာနည်ကတော့ ပျိုတိုင်းကြိုက် တဲ့ နှင်းဆီခိုင်လို့
ဆိုရလောက်အောင်ကို မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံ အားပေးမှုကို
အပြတ်အသတ်ရရှိထားတာ ဖြစ်ပါတယ် ။ စွမ်းဇာနည်က ဇာတ်သဘင်လောကမှာ
အောင်မြင်နေတဲ့ဇာတ်မင်းသားတစ်ဦးဖြစ်ပြီး အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပိုင်နိုင်သူ ဖြစ်ပါတယ် ။
စွမ်းဇာနည်က ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားတွေ အများအပြားရိုက်ကူးပြီး
အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ယခု ရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ စွမ်းဇာနည်က
မူးယစ်ဆေးကြောင့် သိန်း ၁၀၀၀၀ ကျော်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုလာ ခဲ့တာ ဖြစ်ပါတယ်
စွမ်းဇာနည်က “တစ်နိုင်ငံလုံးမှာ လက်ခံထားတဲ့ ပွဲတွေ အကုန်လုံး လျော်လိုက်ရတယ်။
ကားသုံးစီး ပြုတ်သွားတယ်။ ငွေလျော်တာတောင် မကျေနပ်လို့ သွားတောင်းပန် ခဲ့ရတယ်။
အားလုံးပေါင်း ကျပ် သိန်း (၁) သောင်း လောက် နစ်နာ ခဲ့ရတယ်။ ဆေးလိပ်၊ အရက်၊
မူးယစ်ဆေးတွေ ကို အလွန်အကျွံ သုံးမိခဲ့လို့ လူက ရူးသွားတာပါ။
ငွေဆုံးရှုံးတာက ပြန်ရှာလို့ ရနိုင်ပေမယ့် ယုံကြည်မှုတွေပါ မဆုံးရှုံးရ အောင် ပြန်ကြိုးစား နေပါတယ်” လို့ ပြောလာခဲ့တာပါ
ဆက်လက်ပြီး စွမ်းက “မူးယစ်ဆေးက လုံးဝလက်တည့်စမ်းလို့မရတဲ့အရာတစ်ခုပါ
ကျန်းမာရေးတောက်လျှောက်ထိခိုက်ပါတယ် သူ့နာမည်မှာကိုက ပါပြီးသားပဲလေ
စိတ်ကြွရူးသွပ်ဆေးပြားဆိုတာ ဆက်သုံးရင် ရူးမှာပဲ လက်ရှိသုံးနေတဲ့သူတွေကို
မသုံးကြပါနဲ့ ဘာတစ်ခုမှ ကောင်းကျိုးမပေးတဲ့ အရာပါ မိန်းကလေးတွေလည်း သုံးတာ တွေ့ရတယ်
မလုပ်ကြပါနဲ့ လို့ ပြောချင်ပါတယ် ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်
“အရက်တောင်သောက်တတ်ရင်ဆေးဖြစ်တယ် ကျွန်တော်ကအလွန်အကျူးသုံးလိုက်တော့
ကျန်မာရေးတွေတောက်လျှောက်ထိခိုက်တယ် ကျန်းမာရေး ထိခိုက်တော့
ပွဲမကနိုင်ဘူး ပွဲတွေဖျက်လိုက်ရတယ် ထားဝယ်ကပရိသတ်တွေဆို ကျွန်တော်လာကဖို့
လေးငါးခြောက်လ အနည်းဆုံးစာချုပ်ထားကြတယ် ကိုယ်ကမကနိုင်တော့
သူတို့ကကိုယ့်ကိုမုန်းကုန်ကြတယ် ယုံကြည်မှုတွေပါ ပျက် ကုန်တာပေါ့ ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်
စွမ်းဇာနည်ကတော့ မူးယစ်ဆေးကြောင့် သိန်းသောင်းနဲ့ချီ
ထိခိုက်နစ်နာခဲ့ရတဲ့အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးလည်း
စွမ်းအတွက် အားပေးစကားလေးပြောခဲ့ကြပါအုန်းနော်