ကြည်လင် ဝင်းပတဲ့ အသားအရည်လေး ကို အထင်သား ပေါ်စေမဲ့ အနက်ရောင် အမိုက်စား ဒီဇိုင်းလေး နဲ့ ပရိသတ်တွေ ရဲ့ အသည်းကို ခြွေလိုက်ပြန်တဲ့ ရွှေပိုးအိမ်

Posted on

ဒီတစ်ခေါက်မှာတော့ ချစ်စရာကောင်းပြီး စိတ်ထားလေးလည်း ဖြူစင်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေပိုးအိမ် ပဲဖြစ်ပါတယ်။သူမကတော့ သရုပ်ဆောင်ဘက်ပိုင်းတွင် ထူးချွန်တဲ့ သူလေးဖြစ်တာကြောင့်ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရယူထားနိုင်တဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ရွှေပိုးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ ဗီဒီယို ဇာတ်ကားတွေ များစွာကို ရိုက်ကူးထားသူ ဖြစ်ပြီး အနုပညာ လှုပ်ရှားမှုတွေ ကို ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ရွှေပိုးဟာ ကြော်ငြာတွေကို လည်း လက်ခံရိုက်ကူးနေတာ ဖြစ်ပြီး သူမရဲ့ အလှပုံရိပ်တွေ ကိုလည်း အမြဲ မျှဝေလေ့ ရှိသူ ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတဲ့ သူလေး ဆိုလည်း မမှားပါဘူးနော်……။မကြာခဏဆိုရင်လည်း Tik Tok လေးတွေ ဆော့ကစားတာ တင်ပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။ရွှေပိုးကတော့ ကျစ်လျစ် သွယ်လျတဲ့ ခန္တာကိုယ် အချိုးအစားလေးကို ပိုင်ဆိုင်တာ ဖြစ်ပြီး ဆန်းသစ်တဲ့
ဖက်ရှင်လေးတွေနဲ့ အမြဲလှနေတာ ကြောင့် ပုရိသတွေက ကြွေဆင်း နေတာ ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာ ထက်တွင် “ရူပါမလန်း ကြူတာ မကျွမ်းပေမယ့် မင်းအတွက်ဆို ကိုယ်က စူပါမန်းပါ…Crd”ဆိုပြီး အဆိုပါ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေကို မျှဝေ ပေးလာတာ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီး ကလည်း ရွှေပိုးလေးရဲ့ပုံရိပ်တွေကို ကြည့်ရှု သဘောကျ နှစ်သက်စေရန် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ချစ်တယ်ဆို အသည်းလေးတွေပေးဖို့ မမေ့ခဲ့နဲ့နော်………။

Photo Credit -Nay Lynn Aung

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *