ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးချစ်ခင်မှုတွေကို အများဆုံး ရရှိထားကြတဲ့ ပြည်သူချစ်အနုပညာရှင် ဆယ်လီစုံတွဲတွေထဲမှာ အဆိုတော်ဖြိုးလေးနဲ့ ဝါဆိုမိုးဦး တို့စုံတွဲလေးကတော့ ပရိသတ်တွေ တကယ်ကို ချစ်ခင်အားကျရတဲ့ စုံတွဲလေးပါပဲ..။ ပြီးခဲ့တဲ့ရက်ကမှ ချစ်သူ သက်တမ်း(၅)နှစ်ပြည့်သွားခဲ့တဲ့ ဖြိုးလေးနဲ့ ဝါဆိုတို့စုံတွဲလေးဟာ နှစ်ပတ်လည်နေ့လေးမှာလည်း နှစ်ယောက်အတူ လှူဒါန်းမှုတွေပြုလုပ်ကာ ကောင်းမှု ကုသိုလ်လေးတွေ အတူတူပြုခဲ့ကြပါသေးတယ်နော်..။
စုံတွဲပုံလေးတွေနဲ့ အမြဲအချစ်ပိုစေတဲ့ သူတို့ အတွဲလေးဟာ အခုတစ်ခါ မှာလည်း Christmas ကြိုဆိုလိုက်တဲ့ ချစ်စရာ ပုံရိပ်လေးတွေနဲ့လည်း မြင်သူပရိသတ်တွေကို အားကျကြည်နူးစေတာလည်း တွေ့မြင်ကြရမှာပါနော်..။ Christmas သစ်ပင်ကြီးကို အလှဆင်ကာ Christmas ဝတ်စုံလေးတွေလည်း ဆင်တူဝတ်ပြီး ကြည်ကြည်နူးနူးလေး ဓာတ်ဖမ်း ခဲ့ကြတာမို့ မြင်သူပရိသတ်တွေက အချစ်ပိုနေကြမှာ အသေအချာပါပဲနော်..။
“ယူတို့ချစ်တဲ့ Christmas မိသားစုသဘောလေးပေါ့ 😜❤️❤️❤️” ဆိုပြီး ကြည်နူးစရာ ကောင်းလွန်းတဲ့ သူတို့စုံတွဲလေးရဲ့ ပုံရိပ်လေးတွေကို ကြည်ကြည်နူးနူးလေးဝေမျှထားတာ ဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြတာပါ..။ အဲ့ဒီ့ပို့စ်ရဲ့အောက်မှာ သူတို့ စုံတွဲလေးကို နှစ်အတော်ကြာ အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေ ကလည်း စုံတွဲပုံလေးတွေကို အမြဲအားပေးနေကြသလို အားကျနေကြတဲ့အကြောင်းလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။
crd
zawgyi
crd