ကြည့်ရှု့သူ များပြားနေတဲ့ အပီအပြင် ဒွန့်နေကြတဲ့ မြင့်မြတ်၊ခင်လှိုင်နဲ့ K ညီ တို့ရဲ့ အခွီဗီဒီယို

Posted on

သရုပ်ဆောင် K ညီကတော့ အနုပညာလောက တွင် ဆယ်စုနှစ်ကျော်တိုင်အောင် ကျရာဇာတ်ရုပ်တိုင်းပို ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရိုးသားစွာနေထိုင်တဲ့ပုံစံကြောင့်လည်း အနုပညာသမားအချင်းချင်းကတောင် ပြန်ပြီးလေး စား အားကျနေကြတာလည်း ဖြစ်ပါတယ်။ မိသားစုအပေါ်ကိုလည်း အိမ်ထောင်ဦးစီးကောင်းပီသစွာ ကာကွယ်စောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖန်တီးတည်ဆောက် ထားတာလည်း ဖြစ်ပါတယ်။

K ညီဟာ အနုပညာအလုပ်တွေ အပြင် ဖက်ရှင်ဆိုင် တစ်ဆို င်ကိုလည်း တော်ဝင်စင်တာတွင် ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလမို့ အင်္ကျီဆိုင်ကို ပိတ်ထားရပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကို Live လွှင့်ကာ ရောင်းချ ပေးနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အားလပ်ချိန်တိုင်းကိုတော့ ချစ်ရတဲ့ သူငယ်ချင်းများနဲ့သာ တန်ဖိုးရှိတဲ့ အချိန်တွေ ဖြတ်သန်းကုန်ဆုံးလေ့ ရှိတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း K ညီရဲ့ Tik Tok အကောင့် မှာ ဗီဒီယိုလေးတ စ် ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ တော်ရုံမြင်ဖူးလေ့မရှိတဲ့ ကကွက်ပေါင်းမျိုးစုံကိုထုတ်သုံးကာအပီအပြင်ကိုဒွန့်နေကြတဲ့ မြင့်မြတ်၊ ခင်လှိုင်နဲ့K ညီတို့ရဲ့အခွီဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူကလည်း ” ကျွန်တော်တို့ညီအစ်ကိုတွေ မဆုံတာကြာလို့ ပျော်နေကြတယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- K Nyi’s Facebook and Tik Tok Account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *