Stay Home ကာလတွေမှာ အချိန်ကြာကြာ အတူရှိနိုင်တာကတော့ မိသားစုဝင် တွေပါပဲ။ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ မှာ လူစုလူဝေး ဖြစ်တဲ့နေရာတွေမသွားဘဲ ကိုယ့်အိမ်ကမိသားစုနဲ့ပဲ ပျော်စရာ ကစားနည်းလေးတွေဖန်တီးပြီး ဆော့ခဲ့တဲ့ ဝါဆိုမိုးဦး တစ်ယောက် သူမတို့ရဲ့ ပျော်စရာဗီဒီယို လေး ကို လူမှုကွန်ရက် မှာဝေမျှခဲ့ပါတယ်။
ကစားတဲ့သူတွေရော ကြည့်ရှုသူတွေပါ အပျော်တွေ ကူးစက်သွားရအောင် ရယ်စရာကောင်းတဲ့ ပုံစံ လေးတွေနဲ့ အကြိတ်အနယ် ပြိုင်နေခဲ့ကြတာပါ။ နှစ်ယောက်တစ်ဖွဲ့စီ မုန့်စားပြိုင်ကြသလို ခြေ တပေါင်ကျိုးနဲ့ အာလူးကောက်ကစားနည်းလည်းပြိုင်ခဲ့ပါတယ်။ ဖယောင်းတိုင်ကို မီးမငြိ မ်း အောင် ကိုင်ပြီး လမ်းအမြန်လျောက်တဲ့ ကစားနည်းလည်းပါဝင်ခဲ့ပါသေးတယ်။
သူမတို့မိသားစုရဲ့ ပျော်စရာအချိန်လေးတွေကို ” လွတ်လပ် ရေးနေ့ မိသားစုကစားပွဲ ” ဆိုပြီး တင် ထားတာပဲဖြစ်ပါတယ်။ နွေးထွေးပြီး ပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေမို့ ကြည့်မိသူ တိုင်း လည်း ထပ်တူပျော်ရပါတယ်။ ဖြိုးလေးကလည်း ဝါဆိုတို့မိသားစုရဲ့ အပျော်လေးတွေမှာ ပါ ဝင်အားဖြည့်ခဲ့ပါသေးတယ်။
Happy – Cele Zone
Photo – Warso Moe Oo