သရုပ်ဆောင် မင်းသမီး သီရိရှင်းသန့်က တော့ စွဲမက်စရာ ကောင်းတဲ့ အလှတရားတွေကြောင့် ပုရိသတွေ အကြိမ်ကြိမ်ကျရှုံးနေရတာပါ။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် လုပ်ကိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကို ယနေ့ထက်ထိ တိုင်အောင် ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။
သူမဟာ Corona Virus ရောဂါ ကူးစက် ခံနေရသူတွေ အတွက် သွေးရေကြည်ကိုလည်း လှူဒါန်းထားခဲ့ပါသေးတယ်နော်။ လတ်တလောမှာတော့ သီရိတစ်ယောက် အိမ်မှာ အနားယူ အပန်းဖြေလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့ဟာ သူမရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပြီး ပရိသတ်တွေကလည်း သီရိအတွက် မွေးနေ့ဆုတောင်းစကားတွေ ရေးသား ပေးထားကြပါသေးတယ်။ အားလပ်ချိန်များမှာလည်း ပရိသတ်တွေအတွက် Tik Tok လေးတွေ ဆော့ကစားကာ တင်ပေးနေတာလည်း ဖြစ်ပါတယ်။
မနေ့ညကလည်း သူမရဲ့ Tik Tok အကောင့် မှာ ဗီဒီယိုလေးတွေ တင် ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ စွဲမက်စရာကောင်းတဲ့အမူအရာလေးတွေကြောင့်ကြည့်မိသူတိုင်း ရင်ခုန်ကြွေဆင်းသွားစေမယ့်သီရိရှင်းသန့်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Thiri Shin Thant’s Facebook and Tik Tok Account