ကြည့်မိ တဲ့ ပရိတ်သတ်တွေ အားလုံး ရယ်မော ပျော်ရွှင်သွား စေမယ့် ကိုပေါက် ရဲ့ ဟာသဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကိုတော့ အထူးအထွေ မိတ်ဆက်ပေး စရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ကိုပေါက်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ စတင်ကာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု အပြည့်အဝ ရရှိထားသူ အနုပညာရှ င်တစ်ယောက်ပဲ ဖြစ်ပါတယ်နော်.။

ဇာတ်ရုပ်တိုင်းကို သရုပ်ဆောင်နိုင်သူ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ဇာတ်ကွက်တိုင်း ကို ပုံဖော်ရိုက်ကူးနိုင်သူ ဒါရိုက်တာ ကောင်းတစ်ယောက်ဆိုလည်း မှားမယ် မထင်ပါဘူးနော်.။ ကိုပေါက်ကတော့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ရော သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ အောင်မြင်မှုတွေကို ပိုင်ဆိုင် ထားသူပါ.။ အနုပညာ လှုပ်ရှားမှုတွေ မရှိခင် မှာ ကိုပေါက်က Tik Tok လေးတွေ ဆော့ကာ ပရိသတ်တွေကို အမောပြေစေခဲ့ပြီး ဒီနေ့မှာလည်းကိုပေါက်က ကြည့်သူတိုင်း ရယ်မော်ရမယ့် Tik Tok ဗီဒီယိုဖိုင်လေးကို “အောင်ရဲလင်း ကိုကြိုက်လား သမီးလေး” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာ ခဲ့ပါတယ်.။

ကိုပေါက်ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ လည်း ကြည့်ပြီး အပျော်ကူးစက်အောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်.။

Source: Ko Pauk’s Facebook

Credit ;(Cele Active World)

zawgyi






Leave a Reply

Your email address will not be published.