ကြက်တောင် ရိုက်ရင်း မျက်လုံး ထိခိုက်မိသွားတာကြောင့် မျက်စိ ခွဲစိတ်မှုအထိပါ ပြုလုပ်ရမယ့် နီလန်း

Posted on

ပရိသတ်ကြီးရေ….. Myanmar Idol season 3ရဲ့ ပြိုင်ပွဲ၀င်ဟောင်းတစ်ဦးဖြစ်တဲ့ ချင်းတိုင်းရင်း သူလေး နီလန်းကိုသိကြမယ်ထင်ပါတယ်နော်။ နီလန်းဟာ သီချင်းကောင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့သူလေးလည်းဖြစ်ပြီးတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပြိုင်ပွဲ၀င်ခဲ့တဲ့အချိန်က စပြီးအခုအချိန်ထိရရှိနေတာလည်းဖြစ်ပါတယ်…..။

နီလန်းဟာ အနုပညာလောက မှာနေရာတစ်နေရာရရှိနေပြီး အောင်မြင်မှုတွေထိန်းသိမ်းထားနိုင်သလို မိဘအပေါ်ကိုလည်းသိတတ်လိမ္မာပြီး လုပ်ကျွေးပြုစုနေတဲ့သူလေးပါ။ နီလန်းဟာ အခုလက်ရှိမှာဆိုရင် အနုပညာအလုပ်တွေအပြင် Live salesရောင်းချမှုတွေပါပြုလုပ်နေတာဖြစ်ပြီး အလုပ်ကြိုးစားနေတဲ့သူလေးပဲ ဖြစ်ပါတယ်နော်။ နီလန်းဟာ အလုပ်တွေမနားမနေကြိုးစားလုပ်ကိုင်ရင်း မတော်တဆမှုတစ်ခုဖြစ်ခဲ့တာလည်းဖြစ်ပါတယ်…..။

အာ့တာကတော့ နီလန်းဟာသူမရဲ့ Facebook စာမျက်နှာလေးမှာ “မကြာသေးမီက ဒီနေ့ တစ်ခါမှမရိုက်စဖူး ကြက်တောင်သွားရိုက်ရင်း မျက်လုံး ထိခိုက်မိတာကြောင့် လက်ခံထားသော Live Sale များအားလုံး ကို ရက်ရွှေ့ဆိုင်းခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည်တနင်္ဂနွေနေ့တွင် မျက်စိ ခွဲစိတ်မှု့ပြုလုပ်မည် ဖြစ်ပါသော ကြောင့် အလုပ်ကိစ္စနှင့်ပတ်သတ်သည်များအား လတ်တလောတွင် ခေတ္တ ခဏ ဆိုင်းငံ့ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်….” ဆိုပြီးရေးသားလာပါတယ်။ ပရိသတ်တွေလည်း နီလန်းလေး အမြန်ဆုံးသက်သာပျောက်ကင်းအောင် ဆုတောင်းပေးကြပါဦးနော်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *