ကိုယ်ဘဏ်မှာ လူစောင့်နေတုန်း အပြင်ကနေ ပန်းဝယ်ဖို့ လာပြောတာ အစကတော့ သန်သန် မာမာကြီး ရောင်းနေတာ မဝယ်တော့ပါဘူးဆိုပြီး ပြောမလို့ပဲ။ အမရယ် ကျွန်တော်က ပန်းရံပါ အလုပ်နားနေရတာ စားဝတ်နေရေး အရမ်းကြပ်တည်း လာလို့ ပန်းရောင်းရင်းနဲ့ ဆန်ဖိုးရှာနေတာဆိုတော့ တကယ် စိတ်ဝင်စားသွားတာ.. နင်က ဘယ်မှာနေတာလဲဆိုတော့ အုတ်ဆက် ထဲမှာ ပန်းရံဆရာ ကို… ထဲမှာလုပ်နေတာ အခု လော့ဒေါင်း ကာလ အလုပ်တွေနားရတော့ အိမ်မှာ စားစရာဆန်ကအစ လုံးဝအဆင်မပြေတော့လို့ ပန်းထွက်ရောင်းရတာပါတဲ့
နင်က အုတ်ဆက်ဆို ကျောက်သွေးလောင်းတဲ့ အဖွဲ့ထဲကလားဆိုတော့ ကျွန်တော်က သန်လျက်ကိုင် ပါတဲ့ ကျွမ်းကျွမ်း ကျင်ကျင် ကိုင်တတ်တယ် ဆိုတော့ တကယ်စိတ်မကောင်းဘူး။ ကိုယ် ပိုက်ဆံကူညီတော့ ကျေးဇူးပါ အမရယ်တဲ့ ကျွန်တော် ပန်းရံမလိုက်ရမချင်း ဒီလမ်းမှာ ရှိတယ် လိုတာ အကုန်ခိုင်းပေးပါ ကျွန်တော် လုပ်ပေး ပါ့မယ်တဲ့။
၂၆/ ၆၂ နားမှာ ရှိပါတယ် လမ်းမှာ ကြုံခဲ့ရင်လဲ ပန်းလေးဝယ်ပေးကြပါဦး … မပူပါနဲ့ မကြာခင်အလုပ်တွေ ပြန်စလုပ် ရတော့မှာပါလို့ ကိုယ်လဲ အားသာအားပေးခဲ့ရတာ အလုပ်တွေက ဘယ်တော့ ပြန်စရမလဲ ကိုယ်တိုင်ကို မရေရာမသေချာ။ ကိုဗစ်ကြီးရယ် ပြီးပါတော့ အောက်ခြေလူတန်းစားတွေ အရမ်းကို မွန်းကြပ်လှပါပြီ။
Shwe Yi Phoo
zawgyi
ကိုယ္ဘဏ္မွာ လူေစာင့္ေနတုန္း အျပင္ကေန ပန္းဝယ္ဖို႔ လာေျပာတာ အစကေတာ့ သန္သန္ မာမာႀကီး ေရာင္းေနတာ မဝယ္ေတာ့ပါဘူးဆိုၿပီး ေျပာမလို႔ပဲ။ အမရယ္ ကြၽန္ေတာ္က ပန္းရံပါ အလုပ္နားေနရတာ စားဝတ္ေနေရး အရမ္းၾကပ္တည္း လာလို႔ ပန္းေရာင္းရင္းနဲ႔ ဆန္ဖိုးရွာေနတာဆိုေတာ့ တကယ္ စိတ္ဝင္စားသြားတာ.. နင္က ဘယ္မွာေနတာလဲဆိုေတာ့ အုတ္ဆက္ ထဲမွာ ပန္းရံဆရာ ကို… ထဲမွာလုပ္ေနတာ အခု ေလာ့ေဒါင္း ကာလ အလုပ္ေတြနားရေတာ့ အိမ္မွာ စားစရာဆန္ကအစ လုံးဝအဆင္မေျပေတာ့လို႔ ပန္းထြက္ေရာင္းရတာပါတဲ့
နင္က အုတ္ဆက္ဆို ေက်ာက္ေသြးေလာင္းတဲ့ အဖြဲ႕ထဲကလားဆိုေတာ့ ကြၽန္ေတာ္က သန္လ်က္ကိုင္ ပါတဲ့ ကြၽမ္းကြၽမ္း က်င္က်င္ ကိုင္တတ္တယ္ ဆိုေတာ့ တကယ္စိတ္မေကာင္းဘူး။ ကိုယ္ ပိုက္ဆံကူညီေတာ့ ေက်းဇူးပါ အမရယ္တဲ့ ကြၽန္ေတာ္ ပန္းရံမလိုက္ရမခ်င္း ဒီလမ္းမွာ ရွိတယ္ လိုတာ အကုန္ခိုင္းေပးပါ ကြၽန္ေတာ္ လုပ္ေပး ပါ့မယ္တဲ့။
၂၆/ ၆၂ နားမွာ ရွိပါတယ္ လမ္းမွာ ႀကဳံခဲ့ရင္လဲ ပန္းေလးဝယ္ေပးၾကပါဦး … မပူပါနဲ႔ မၾကာခင္အလုပ္ေတြ ျပန္စလုပ္ ရေတာ့မွာပါလို႔ ကိုယ္လဲ အားသာအားေပးခဲ့ရတာ အလုပ္ေတြက ဘယ္ေတာ့ ျပန္စရမလဲ ကိုယ္တိုင္ကို မေရရာမေသခ်ာ။ ကိုဗစ္ႀကီးရယ္ ၿပီးပါေတာ့ ေအာက္ေျခလူတန္းစားေတြ အရမ္းကို မြန္းၾကပ္လွပါၿပီ။
Shwe Yi Phoo