ကျော့ရှင်းတဲ့ အလှတွေကိုပေါ်လွင်စေတဲ့ မိလွန်းနေတဲ့ နော်ဖောအယ်ထား

Posted on

ချစ်ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အရမ်းချစ်စရာကောင်းပြီး ပရိသတ်တွေကို ဖမ်းစားထားတဲ့ နော်ဖောလေးဖြစ်ပါတယ်။ နော်ဖောကတော့ အလန်းစား ခပ်မိုက်မိုက် ပုံလေးတွေကို ပရိသတ်တွေ အတွက် အမြဲတင်ပေးလေ့ရှိသူလေးဖြစ်ပါတယ်။သူမဟာ သရုပ်ဆောင်ပိုင်းမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင် တာကြောင့် လည်း ပရိသတ်တွေ က လက်ခံအားပေးကြပြီး အနုပညာလောကမှာ အောင်မြင်နေတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

နော်ဖောအယ်ထားကတော့ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ် လေးနဲ့ ဖြူစင်ဝင်းပတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားက ဘိုမရုပ်လေးလို ချောမော လှပနေတဲ့ မော်ဒယ် သရုပ်ဆောင် မင်းသမီး ချောလေးဖြစ်ပါတယ်။ဒါ့အပြင် သူမရဲ့ ဖက်ရှင်လေးတွေကလည်း လူငယ်ပရိသတ်တွေ အကြိုက် မြင်သူငေးလောက်အောင် လှပသူလေးဖြစ်ပါတယ်။နော်ဖောလေးဟာ MRTV -4 မှာလည်း ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်ထားပြီး ပရိသတ်တွေက ပိုပြီး လက်ခံအားပေးကြတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ နော်ဖောအယ်ထားက ချစ်စရာအပြုံးလေးနဲ့ အမိုက်စား ပို့စ်တွေပေးကာ အရမ်းလှတဲ့ ဖက်ရှင်လေးနဲ့ ပရိသတ်ကြီး ရင်ကို ဖမ်းစားလိုက်ပြန်ပါပြီနော်။သူမရဲ့ Facebook စာမျက်နှာမှာ “မိန်းကလေးတွေချစ်တဲ့ရတနာဆိုပြီး”ဆိုပြီး စာသားလေး တင်ကာ ရတနာလေးတွေ နဲ့အတူ လှပကျော့ရှင်းနေပြီး ဆွဲဆောင်မှု ရှိနေတာလေးလည်း ဖြစ်ပါတယ်နော်။ကဲ ချစ်ပရိတ်သတ်ကြီးရေ နော်ဖောလေးရဲ့ လှပကျော့ရှင်းပြီး ချစ်ဖို့ကောင်းနေတာတဲ့ ပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Naw Phaw Eh Htar Facebook Account.

unicode





Leave a Reply

Your email address will not be published. Required fields are marked *