ကျောင်း ဆရာမ တွေ ဘာကြောင့် အိမ်ထောင် မပြု ကြတာလဲ?

Posted on

ဒီကိစ္စဟာ နိုင်ငံတစ်နိုင်ငံအတွက် ကောင်းတဲ့ အလား အလာမဟုတ်ပါဘူး။

ကျွန်မတို့ ကျောင်းဆရာမတွေ ထဲမှာ အပျိုကြီး ဆရာမတွေ ပိုပိုများလာတာတွေ့ရပါတယ်။

တွေ့လိုက်ရတဲ့အပျိုကြီးဆရာမတိုင်းဟာ ရုပ်ရည်ချောမောပြေပြစ်ပြီး စားဝတ်နေရေးပြည့်စုံ ကုံလုံတဲ့သူတွေ ချည်းပါပဲ။

ပညာတတ်တွေက သူတို့ရဲ့ မျိုးဆက်တွေချန်မထားခဲ့ဘူးဆိုရင်နိုင်ငံရဲ့အနာဂတ်မှာ ဘယ်လိုမျိုးဆက်တွေနဲ့ နိုင်ငံတစ်နိုင်ငံကို ထူထောင်ကြမှာလဲ။

စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယု ကတော အမြော်အမြင် ကြီးစွာပဲ ဘွဲ့ရပညာတတ်တွေ အိမ်ထောင်ပြုလို့ ကလေး ၂ယောက်မွေးရင် တစ်ယောက်ကို တာဝန်ယူပေးသတဲ့။

ဒီနိုင်ငံမှာတော့ ပညာတတ်မိဘတွေဟာ ကလေးတစ်ယောက် ကို အောင်မြင် ဖြစ်ထွန်းအောင်မွေးမြူနိုင်ဖို့ကိုယ့်အတိုင်းအတာနဲ့ ချင့်ချိန်ပြီးသားသမီးကို တစ်ယောက်စ နှစ်ယောက်စလွန်ရော ကျွံရော သုံးလေးယောက်ထက်ပိုမယူကြတော့ဘူး။

ပိုဆိုးတာက ဘွဲ့ရပညာတတ်မိန်းမတွေကိုယ့်အားကိုယ်ကိုးပြီးရပ်တည်နိုင်တဲ့ မိန်းမအတော်များများဟာ အိမ်ထောင်မပြုကြတော့တာပါပဲ။

စာစောင်တစ်ခု ထဲမှာ မိန်းမဦးရေက ယောက်ျား ဦးရေထက်နှစ်ဆနီးပါး ပိုများ လာခဲ့တယ် လို့ဖတ်လိုက်ရတယ်။

ဒီဘက်ခေတ်မှာ အရက်သောက် မူးယစ်ဆေးဝါး သုံးစွဲတဲ့လူငယ်တွေအများအပြားရှိလာခဲ့တယ်။

လူမသိ သူမသိသေနေတာ တွေလည်း အများအပြားပါပဲ။

တိုင်းပြည်မှာ အရက်နဲ့မူးယစ် ဆေးဝါးကို အလွယ်တကူပေါပေါများများသုံးစွဲခွင့်ရလာကြတာဟာလူသားအရင်းအမြစ်တွေဆုံးရှုံးရတဲ့အပြင် နိုင်ငံသားကောင်းတွေလည်း ဆုံးရှုံးရတယ်။

ခေတ်အဆက်ဆက် နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခု ပြောင်းလဲတော့မယ်ဆိုရင် ပညာတတ်လူလတ်တန်းစား တွေရဲ့အားနဲ့ပဲ ပြောင်းလဲရသတဲ့။ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရော ပညာတတ်လူလတ်တန်းစားတွေက ဘယ်နေရာကပါဝင်မလဲ။

ပညာကိုတန်ဖိုးထားပြီး ပညာတတ် လူလတ်တန်းစားကိုနေရာပေးတဲ့တစ်နေ့တော့ နိုင်ငံဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားမယ်လို့ယူဆမိတယ်။

ခုလောလောဆယ်တော့ လူငယ်ရင်း မြစ်တွေ အဆက်မပြတ်ဆုံးရှုံးနေတဲ့ ပြဿနာနဲ့အိမ်ထောင်မပြုကြပဲ တစ်ကိုယ်ရည် အဆင်ပြေအောင်ဖြစ်သလိုနေထိုင်နေကြတဲ့လူ့အဖွဲ့အစည်းအတွက်မျိုးဆက်ပြတ်သုန်းခြင်းများဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှု က စိတ်ထဲမှာ တနုံ့နုံ့ဖြစ်စေခဲ့ပါတယ်။

(ဒီကနေ့ တွေးမိတဲ့အတွေးတစ ပါ)

” ကျောင်းဆရာမတစ်ဦး”

Leave a Reply

Your email address will not be published. Required fields are marked *