ကျောက်တုံးတွေ ပေါ် မှာ မိမိ တို့ ရင်ထဲက ခံစားချက်တွေကို ပုံဖော်ရေး ဆွဲကာ ဆန္ဒထုတ် ဖော်ခဲ့ကြတဲ့ လူငယ်များ

Posted on

မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီး ကတော့ ဖေဖော်ဝါရီလထဲက စတင်ခဲ့ပြီး ယနေ့ အချိန်အထိတိုင်အောင် အသက်ပေး သွားခဲ့ရတဲ့ သူရဲကောင်း အာဇာနည်တွေလည်း များစွာရှိခဲ့ပါတယ်။ ဒီလူထုလှုပ်ရှားမှုကြီးမှာ ဦးဆောင်နေသူအများစုကတော့ လူငယ် ပညာတတ်လေးတွေဖြစ်ပြီး သူတို့ရဲ့ အသက်တွေဆုံးရှုံးမှာကိုတောင် မကြောက်ဘဲ အားသွန်ခွန်စိုက် ပါဝင်ကြိုးစားခဲ့ကြတာလည်း ဖြစ်ပါတယ် ။

ဒီလူထုလှုပ်ရှားမှုကြီးဟာ အရင်လို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် မရတော့ဘဲ အပစ်အခတ်တွေ ဖမ်းဆီးခံရမှုတွေ ရှိလာတာကြောင့် မြို့တိုင်းလိုလိုမှာ အင်အားလျော့နည်းလာပေမယ့် ပြည်သူတွေကတော့ ပျောက်ကြားသပိတ် အပြင် အခြားရရာနည်းမျိုးစုံကို ဖန်တီးအသုံးချကာ တတ်နိုင်တဲ့ဘက်ကနေ လှုပ်ရှားနေကြတာလည်းတွေ့ရပါတယ်။

အခုလည်း လူငယ်တွေစုပေါင်းပြီး ကျောက်တုံးလေးတွေ ပေါ်မှာ မိမိတို့ရင်ထဲကခံစားချက်လေးတွေအပြင် တိုက်ပွဲမှာ အသက် ပေးသွားကြတဲ့ သူရဲကောင်းတွေရဲ့ ပုံရိပ်လေးတွေကို ဖန်တီးရေးဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာကိုတွေ့ ရပါတယ်။ပုံလေးတွေကြည့်ပြီး လူငယ်တွေရဲ့ တီထွင်နိုင်မှုတွေကိုလေးစားမိတာအမှန်ပါပဲနော်။ပရိသတ်ကြီးအတွက် ကျောက်တုံးသပိတ် ပုံရိပ်လေးတွေကို မျှဝေပေးရင်း အားလုံးဘေးအန္တရာယ်ကင်းရှင်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

zawgyi

ျမန္မာႏိုင္ငံရဲ႕ လူထုလႈပ္ရွားမႈႀကီး ကေတာ့ ေဖေဖာ္ဝါရီလထဲက စတင္ခဲ့ၿပီး ယေန႔ အခ်ိန္အထိတိုင္ေအာင္ အသက္ေပး သြားခဲ့ရတဲ့ သူရဲေကာင္း အာဇာနည္ေတြလည္း မ်ားစြာရွိခဲ့ပါတယ္။ ဒီလူထုလႈပ္ရွားမႈႀကီးမွာ ဦးေဆာင္ေနသူအမ်ားစုကေတာ့ လူငယ္ ပညာတတ္ေလးေတြျဖစ္ၿပီး သူတို႔ရဲ႕ အသက္ေတြဆုံးရႈံးမွာကိုေတာင္ မေၾကာက္ဘဲ အားသြန္ခြန္စိုက္ ပါဝင္ႀကိဳးစားခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။

ဒီလူထုလႈပ္ရွားမႈႀကီးဟာ အရင္လို ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခြင့္ မရေတာ့ဘဲ အပစ္အခတ္ေတြ ဖမ္းဆီးခံရမႈေတြ ရွိလာတာေၾကာင့္ ၿမိဳ႕တိုင္းလိုလိုမွာ အင္အားေလ်ာ့နည္းလာေပမယ့္ ျပည္သူေတြကေတာ့ ေပ်ာက္ၾကားသပိတ္ အျပင္ အျခားရရာနည္းမ်ိဳးစုံကို ဖန္တီးအသုံးခ်ကာ တတ္ႏိုင္တဲ့ဘက္ကေန လႈပ္ရွားေနၾကတာလည္းေတြ႕ရပါတယ္။

အခုလည္း လူငယ္ေတြစုေပါင္းၿပီး ေက်ာက္တုံးေလးေတြ ေပၚမွာ မိမိတို႔ရင္ထဲကခံစားခ်က္ေလးေတြအျပင္ တိုက္ပြဲမွာ အသက္ ေပးသြားၾကတဲ့ သူရဲေကာင္းေတြရဲ႕ ပုံရိပ္ေလးေတြကို ဖန္တီးေရးဆြဲကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာကိုေတြ႕ ရပါတယ္။ပုံေလးေတြၾကည့္ၿပီး လူငယ္ေတြရဲ႕ တီထြင္ႏိုင္မႈေတြကိုေလးစားမိတာအမွန္ပါပဲေနာ္။ပရိသတ္ႀကီးအတြက္ ေက်ာက္တုံးသပိတ္ ပုံရိပ္ေလးေတြကို မွ်ေဝေပးရင္း အားလုံးေဘးအႏၲရာယ္ကင္းရွင္းပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *