ကျုးရပ်ကွက် မှ မီးဖွားထားတာ မကြာသေး တဲ့ ကလေး(၇)ယောက် အမေ မုဆိုးမ မိသားစုလေး ကို အိမ်ဆောက်ပေး ခဲ့တဲ့ ဝေဠုကျော်

Posted on

ပရဟိတဆိုတာ ကိုယ်ကျိုးစွန့်ပြီးအများအကျိုး ကိုဆောင် ရွက်ရတဲ့အလုပ်မို့ တော်ရုံလူ မလုပ်နိုင်ပါဘူး။ ပရဟိတ လုပ်ငန်းတွေကို နှစ်ရှည်လများလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင်ဝေဠုကျော်ရဲ့ စေတနာကတော့ တကယ့်ကိုအံ့မခန်းပါပဲနော်။ လိုအပ်တဲ့နေရာတွေဆီကို ဘယ်လောက်ဝေးဝေး ကိုယ်တိုင်အရောက်သွားပြီး အကူအညီလိုတဲ့လက်တွေကို အနွေးထွေးဆုံး ဖေးမပေးခဲ့သူ တစ်ယောက်ပါ။

ဒီလိုကာလမှာဆိုရင် အကူအညီလိုအပ်နေသူတွေလည်း အများအပြား ရှိနေပြီး ဝေဠုကျော်ဖောင်ဒေးရှင် းကလည်း လက်လှမ်းမှီသလောက် လိုက်လံ ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း တောင်ဒဂုံ ကျူးရပ်ကွက်မှာနေထိုင်တဲ့ ကလေး(၇) ယောက်အမေ မုဆိုးမရဲ့ အိမ်လေးကို ပြန်ပြင် ဆောက်ပေးကာ ကောင်းမှုကုသိုလ်ပြုခဲ့ပြန်ပါတယ်။

ဒီလိုကူညီဖြစ်ခဲ့ကြောင်းကိုလည်း ” တောင်ဒဂုံ ကျူးက မုဆိုးမ (ယောက်ကျားဆုံးတာ တစ်လပဲရှိသေး) ကလေး ၆ယောက်အမေ ကိုယ်ဝန်ဆောင်သည် (အခုတော့ ကလေးမွေးလို့ ကလေး ၇ယောက်အမေဖြစ်) မဝါဝါလေး ရဲ့ မိုးမလုံ အခင်းပေါက်ပြဲ အကာမရှိအိမ်ဟောင်းလေးကို မနေ့က အဖွဲ့သားတွေ ဝိုင်းဝန်း ကူညီ ဖျက်ပေးကြပါတယ်။ရဒီနေ့ အိမ်လေး စဆောက်ပါပြီ။ မဝါဝါလေးကတော့ တစ်အိမ်ကျော် က မောင်လေးရဲ့အိမ်မှာ ကလေးမီးဖွားပြီး နေနေပါတယ်။ မိုးရာသီ က ရောက်ခါနီး ကျူးရပ်ကွက်တွေထဲ ဆန်ဆီလိုက် လှူပေးရင်း တချို့ ကျုးအိမ်လေးတွေလည်း အမိုးအကာ မလုံခြုံတာ အများကြီး တွေ့ခဲ့ရတယ်။

အခုကာလကလည်း စားသောက် ဖို့တောင် အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ အသက်ဆက်နေရချိန် အလုပ်အကိုင်ကမရှိရ သည့်ကြား သားသမီးတွေကများ ကျုးအိမ်သေးလေးကိုတောင် လုံခြုံအောင် မမိုးမကာနိူင်။ဒီအိမ်လေးလိုပဲ တချို့ သက်ကြီးဖိုးဖွား ကလေးငယ် ကိုယ်ဝန်ဆောင်သည်တွေရဲ့ မလုံမခြုံ အိမ်လေးတွေအတွက် တတ်နိူင်သလောက်လေး သင့်တော်တယ့်အမိုးအကာတွေ လှူဒါန်းပေးသွားပါအုံးမယ်။ဖောင်ဒေးရှင်းနှင့်အတူ အမိုးအကာတွေ အတွက် ကုသိုလ်ပါဝင်ကြပါအုံးလို့ တိုက်တွန်းနှိုးဆော်ပါရစေ။”ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီ းအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Credit- Cele Zone

Photo – Wai Lu Kyaw

Leave a Reply

Your email address will not be published. Required fields are marked *