ကျွန်တော့်ဘကြီး သူငယ်ချင်းက ခါးကျီးပေါင်း ဖြစ်နေတာ 2015 ခုနှစ် ကပါ MRI ရိုက်တော့ ကျီးပေါင်း ဖြစ်နေပြီ လူက ကောင်းကောင်း မထနိုင် တော့ပါ ။
ဆရာတော် တစ်ပါးက ဆေးနည်း ပေးလှူ သဖြင့် ယုံကြည်စွာ လုပ်ဆောင် ခဲ့ပြီး ( ၉ ) ရက်မြောက်မှာ ခါးနာ ခါးကိုက် ပျောက်ကင်း ချမ်းသာခဲ့သည် ။
( 2017 ) မှာ ဂုတ်ရိုး ကျီးပေါင်း ဖြစ်ပြန်လေပြီ ။ ထိုအခါ MRI ရိုက်တော့ ဂုတ် အရိုးစစ်ကျီးပေါင်း ဖြစ်နေ ပြန်သည် ။ လူက ခေါင်းမူး ဇက်က မလှည့်နိုင် အောက်ငုံ့ စာမကြည့် နိုင်ပါ ။
ခါးကျီးပေါင်း ဆေးနည်း အတိုင်း လုပ်ဆောင်ခဲ့ရာ ( 10 ) ရက် ခန့် မှာပဲ သက်သာ လာခဲ့သည် ။ ထို့နောက် အားရင် အားသလို ဆေးနည်း အတိုင်း ပြုလုပ် ခဲ့ပါသည် ။
( 2018 ) မှာ ဂုတ်အား MR ပြန်ရိုက် ကြည့်ရာ ပထမ ( ဂုတ်စစ်ရိုး ) ကျီးပေါင်းမှာ လုံးဝ မရှိပဲ ပျောက်ကင်း ခဲ့သည်ကို အံ့သြ စွာ သိ ရှိခဲ့ ရ လေသည် ။
သူက အချိန်ရရင် ရသလို ဆေးနည်းကို လုပ်ခဲ့ ပါသည် ။ ထို့အကြောင်းကို ကျွန်တော် သိရှိရ သဖြင့် မေတ္တာတရား အပြည့်ဖြင့် ဆေးနည်း ကောင်း တစ်ခုအား ပြန်လည် မျှဝေ လိုက်ပါတယ် ။
ဆေးနည်း —
ဟင်းနုနွယ် ဆူးပေါက်ပင် ပဉ္စငါးပါးကို လက်တစ်ဆုပ် ရအောင် ထောင်းပါ ။ထမင်း လက်တစ်ဆုပ်ကို ညက်အောင် ထောင်းပါ။
ထိုနှစ်မျိုး ကို ရောမွေ ပြီး ကျီးပေါင်း ဖြစ်သော နေရာ အား အုံပေးပြီး အ ပေါ်မှ ပတ်တီးစ သော် ၎င်း ( အဝတ်စ / စွပ်ကျယ်စ ) ဖြင့် အုပ်ပါ ။
( စက္ကူတိပ်ဖြင့် ကပ်ထား ပေးပါ ။ စည်း ထားလည်း ရပါသည် ) အုပ်ပြီးချိန်တွင် မနက်( ၁ ) နာရီ ည နေ ( ၁ ) နာရီ အုပ်ထားပေးပါ ။ ( အချိန် ပို လည်း ရပါသည် )
ဆေးနည်းက ဒါပဲ ခင်ဗျာ …..
ခြေဖ နောင့် အတက် ထွက်ခြင်းပါ ပြု လုပ် ၍ ရ ကြောင်း နှင့် ယခု ဆေးနည်း ပေးသူ အားလုံး လည်း သက်သာ ပျောက်ကင်း ကြ ကြောင်း ဝမ်းသာစွာ သိရှိ ရပါသည် ။
ကျီးပေါင်း အတွက် အမှန်တစ်ကယ် ကောင်းတဲ့ဆေး ဖြစ်ပါတယ် ။ မိမိတို့ အနီးအနား မှဝေဒနာရှင်များအား မျှဝေ ကုသိုလ်ယူ ပေးပါ ခင်ဗျာ….။
အားလုံးအနာနှင့်ဆေးတွေ့ပြီး … … …ကျန်းမာခြင်း သုခ ချမ်းသာခြင်း သုခများကို ထာဝရပိုင်ဆိုင်ကြပါစေ … …။
စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်…
လေးစားစွာဖြင့် ခရက်ဒစ်