ကျန်းမာ ရေး နှင့် ညီအောင် ဖုန်း အသုံး ပြုနည်း

Posted on

ကျန်းမာရေးနှင့် ညီအောင်် ဖုန်းအသုံး ပြုနည်း

အင်တာနက်သုံးခြင်းအတွက် အမြင်အာရုံကောင်းစေရန်

မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဘယ်ဖက်နား ကို အသုံးပြုပါ ။

ညာဖက်နားနဲ့ နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက်ရှိသော ရေဒီယို လိူင်း( Mobile radiation ) ဦးနှောက် ကို ပို၍ ပျက်စီးစေကြောင်း သိရသည်။များသောအားဖြင့် ညာသန်သူများအတွက် ညာဖက်ကို ပိုမို အသုံးပြုသည့် ကို ဆင်ခြင်ပါ ။

ည မှာ ဖုန်း Screen ( အီလက်ထရွန်းနစ်ပစ္စည်း )မှ တဆင့် စာဖတ်ခြင်းကအိပ်ပျော်စေဖို့ အခက်အခဲဖြစ်စေပါတယ်။ အိပ်မောကျစေဖို့ ခက်ခဲစေပါတယ်။Screen ရဲ့အလင်းရောင်ကြောင့် အသားအရောင်ပြောင်းလဲစေတဲ့ ဟော်မုန်းပမာဏ ထိခိုက်စေပါတယ်။

ညမအိပ်ခင် Screen ဖြင့် စာဖတ်ခြင်းကို ရှောင်ပါ။အသက်ရူလေ့ကျင့်ခဏ်း ပြုလုပ်ခြင်း စာအုပ်ဖတ်ခြင်း တို့ကို အစားထိုး ပြုလုပ်ပေးပါ။Phone Screenကြောင့် အိပ်ရေးမဝခြင်း၏ နောက်ဆက်တွဲ ရောဂါများ ရရှိနိုင်ပါသည်။

တီဗွီကြည့်နေရင်း ဖုန်း ဖြင့်စကားပြောခြင်း ဖေ့ဘုတ် သုံးခြင်းသည် ဦးနှောက်ကို ထိခိုက်စေပါသည်။အလင်းရောင်ကောင်းစွာ မရသော နေရာတွင် မိုဘိုင်းဖုန်း သုံးခြင်းဖြင့် အမြင်အာရုံံကို ဆိုးဝါးစွာ ပျက်စီးစေပါသည်။

ဖုန်းဘက်ထရီ ၁၀ % သာရှိလျှင် ဖုန်းစကားပြောခြင်း ဖေ့ဘုတ် သုံးခြင်း ပြုလုပ်ပါက အာရုံကြောများကို အလွန်အမင်းအသုံးပြုရသည်။

Laptop , Tablet , Smartphone ( Digital ပစ္စည်းများ) ရှေ့တွင်် အချိန်များများ အသုံးပြုပါက ကာကွယ်သည့် မျက်မှန်များတပ်ဆင်ပါ။

မျက်စိကိုကာကွယ်ရန် အထူးမျက်မှန်တပ်ပါ ( ရိုးရိုးပါဝါမျက်မှန် မဟုတ်ပါ)ဆရာဝန််ညွန်ကြားပါမည်။ မှန်သားပြင်အလင်းရောင်ကို ညှိပေးပါ။မီးရောင်လင်းတဲ့အခန်းဆိုလျှင် screen ၏တောက်ပမူကို တိုးမြင့်ပါ။ဖုန်းကို အောက်မပြုတ်ကျစေနှင့်။

ရေစိုခြင်း

မီးအပူနားထားခြင်း

နေပူထဲ ထားခြင်းများ မပြုလုပ်ရ၊မီးရောင်မှိန်တဲ့ အခန်းဖြစ်ပါက Screen ၏ တောက်ပမူ အလင်းကို လျော့ချပါ။

မတူညီသော ဖုန်းအားသွင်းကြိုး နဲ့ ဘက်ထရီ အားမသွင်းပါနဲ့။အခြား ဓာတ်သတ္ထုပစ္စည်းများနဲ့ ဖုန်းကို မပွတ်မိစေပါနှင့်။

မျက်လုံးဆရာဝန်များ၏နည်းအရ အာရုံစူးစိုက်ကြည့်ပြီးတိုင်း မိနစ် ၂ဝခန့် မျက်လုံးကို ဘေး ဘယ် ညာ ရွေ့လျားပြီး မျက်စိအကြောလျော့ပေးပါ။

ဒီဂျစ်တယ်ပစ္စည်းများ ကြည့်ပြီး သုံးသည့်အခါ တစ်ပေခွဲခန့် အကွာမှာ ထားပြီးသုံးပါ။ဒီဂျစ်တယ်ပစ္စည်များကို အချိန်ကြာကြာ ထိုင်သုံးပြီးလျှင် နေရေင်ခြည်ရရှိသည့်နေရာ လမ်းလျှောက်ပေးပါ။

ဖန်သားပြင် စူးရှသောတောက်ပမူကိုလျော့ချရန်

ဖန်သားပြင်ကို သန့်ရှင်းစွာထားခြင်း ၊ ပြတင်းပေါက်များနဲ့ ဝေးဝေးထိုင်ခြင်း ၊ ဗို့အားနည်းသောမီးသီးများအသုံးပြုခြင်း ၊ စူးရှသော အလင်းကို ကာကွယ်ထားခြင်း ၊အချိန်ကန့်သတ် အသုံးပြုခြင်း ၊ အိပ်ချိန်လုံလောက်စေခြင်း

Screen ကို မျက်စိနဲ့တတန်းထဲမထားပဲ မျက်စိအောက် ၅ လက်မ အကွာ၌် ထားရန် စူးစိုက်ကြည့်နေစဉ် မျက်တောင်မကြာခဏခပ်ပေးရန် သတိရပါ။

ဒီဂျစ်တယ်ပစ္စည်းများကို ၂ နာရီကြည့်ပြီးလျှင် ၁၅ မိနစ်အနားယူပါ ။

မျက်လုံးထိခိုက်မူ ကာကွယ်ရန် မျက်လုံးနဲ့ အာရုံကြောများအားကောင်းရန် ဗီတာမင်စီ ဗီတာမင်အေ ဇင့် အိုမီဂါ3 fatty acids စားပေးရန်လိုအပ်ပါသည်။

ကွန်ပြူတာဖုန်း တီဗွီ၂၅ လက်မ အကွာအဝေးမှ ကြည့်ပါ။ မိနစ် ၂၀ မျက်လုံးကို အနားပေးပါ။ကြည့်ချိန် ၂ နာရီကျော်လျင် ၁၅ မိနစ် ခန့် အနားယူပါ

ဆေးလိပ်သောက်ခြင်းက အမြင်အာရုံတွေကို ပိတ်ဆို့ပျက်ဆီးစေတဲ့အပြင် မျက်စိတိမ်စွဲ ရောဂါဖြစ်စေလို့ ဆေးလိပ်ဖြတ်ပါ။နေရောင်ခြည်မှာပါတဲ့ UV rays က မျက်လုံးကြွက်သားတွေကို အားပျော့ယိုယွင်းစေ။

မျက်စိတိမ်စွဲရောဂါကို ဖြစ်စေတယ် နေရောင်အောက် မှာသွားလာရင် နေကာမျက်မှန်တပ်ပါ။အဟာရ ပြည့်ဝစွာစားသောက်ပါ အစိမ်းရင့်ရောင် အရွက်များ ဆော်လမွန် တူနာငါးကဲ့သို့ငါးများ ၊ပရို်တင်းပြည့်ဝတဲ့ အစေ့အဆံနဲ့ ဥ အမျိုးမျိုးအရည်ရွှမ်းသော အသီးများစားပါ။

အဝအလွန်စေရန် ပြည့်ပြည့်ဝဝ အိပ်ပါ လူ၁ယောက်ရဲ့နေ့စဉ်အိပ်ချိန် ၈ နာရီ လိုအပ်ပါတယ်။ကွန်ပြူတာ ဖုန်း တီဗွီ ဂိမ်းအဆက်မပြတ်ကြည့်ခြင်းဆိုးကျိုး

မျက်စိညောင်းညာခြင်း ၊ မျက်ရိုးကိုက်ခြင်း ၊ မျက်စိ်မူန်ဝါးခြင်း ၊ မျက်လုံခြောက်သွေ့ခြင်း ၊ခေါင်းကို်က်ခြင်း အမြင်အာရုံ စူးစိုက်မူ လျော့ကျစေခြင်း ၊ ဇက်ကြောတက် ညောင်းညာစေခြင်း ဖြစ်တတ်ပါတယ်။ဟန်းဖုန်းမှထွက်သောမိုက်ခရိုဝေ့ဖ်ရောင်ခြည် လျှပ်စစ်သံလိုက်စက်ကွင်း ဆိုးကျိုး

ဦးနှောက် အသားပို်ကင်ဆာလည်ချောင်းကင်ဆာ အရေပြားကင်ဆာ ၊ကျောက်ကပ်ရောဂါ ၊ခြေတုန် လက်တုန်ရောဂါ ( ပါကင်ဆန်) ဦးနှှောက်ကျုံခြင်း မှတ်ဉာဏ်မေ့လျော့ ( အယ်ဇိုင်းမား ) ဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းမှ ထွက်ရှိသော ဓာတ်ရောင်ခြည်သင့်မည့် မသုံးသင့်သူများ

သန္ဓေသားလောင်းကို ထိခိုက်စေခြင်း ၊ကိုယ်ဝန်ဆောင်မိခင်် အသက် ၁၀ နှစ်အောက်ကလေးများ( ကွန်ပြူတာ ဂိမ်း ဆော့ကစားခြင်းက အမြင်် အာရုံကြော မှတ်ဉာဏ် ထိခိုက်စေသည်)

ဖုန်းဘက်ထရီမှာ နောက်ဆုံး အတုံးလေးကျန်တဲ့အခါ ဖုန်းအဝင် လက်မခံပါနဲ့အဲဒီအချိန်မှာ ဖုန်းရဲ့ ရောင်ခြည် ဖြာထွက်နူန်းက ၁၀၀၀ အကြိမ်လောက် အားပြင်းတဲဲ့အတွက်ပါ။

ဖုန်း ဘက်ထရီ အားသွင်းစဉ် အသုံးမပြု ပါနဲ့ အားသွင်းကြိုး မဖြုတ် အသုံးပြုစဉ် စက္ကန့်ပိုင်းအတွင်း လျှပ်စစ် ဓာတ်စီးဝင်ပြီး နှလုံးရပ်ခြင််း သွေးကြောများပြတ်ခြင်းအသက်သေဆုံးသည်ထိ ဖြစ်နိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *