ကျန်းမာရေး မကောင်း ဖြစ်နေတဲ့ အဘ ဦးသက်ဝေအ တွက် အစား အသောက်များ နဲ့ အလှူငွေများကို သွားရောက်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ…..

Posted on

အကယ်ဒမီသရုပ်ဆောင် ခန့်စည်သူ ကတော့ အနုပညာေ လာကမှာ ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုတွေ နဲ့အတူ ဆယ်စုနှစ်တွေမက အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်။ပီပြင်တဲ့ ဇာတ်ရုပ်တွေကြောင့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေ များစွာရရှိထားတဲ့ ကိုခန့်ကတော့ ဒီလိုကာလမှာလည်း တတ်နိုင်သလောက် အလှူလေးတွေနဲ့ ပါဝင် နေသူတစ်ယောက်ပါ။

ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ ချစ်ခင် အားကျနေကြတာပါ။ခုဆိုရင်လည်း ခန့်စည်သူက နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာတွေကို အခက်အခဲတွေကြားကနေ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာ ကိုလည်း လေးစားစွ ာတွေ့မြင်ရပါတယ်။

အခုလည်း ဆီးချိုကြောင့် ခြေနှစ်ဖက်လုံးဖြတ်လိုက်ရပြီး ကျန်းမာရေး မှာလည်း သိသိသာသာ ဆိုးရွားကာ အိပ်ရာထဲလဲနေတဲ့ ကာတွန်းဒဲ့ဒိုး(ခ)ဇာတ်ပို့သရုပ်ဆောင် အဘဦးသက်ဝေအတွက် အစားအသောက်အပါအဝင် လိုအပ်တဲ့ပစ္စည်းများနဲ့ အလှူငွေများ သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်းဖော်ပြထား တာတွေ့ရ ပါတယ်။

Credit– Cele Zone
Photo – Kyaw Soe Win

zawgyi

အကယ္ဒမီသ႐ုပ္ေဆာင္ ခန႔္စည္သူ ကေတာ့ အႏုပညာေ လာကမွာ ပရိသတ္ေတြ ရဲ႕ အားေပးခ်စ္ခင္မႈေတြ နဲ႔အတူ ဆယ္စုႏွစ္ေတြမက ေအာင္ျမင္မႈေတြရရွိထားသူပဲ ျဖစ္ပါတယ္။ပီျပင္တဲ့ ဇာတ္႐ုပ္ေတြေၾကာင့္လည္း ပရိသတ္ေတြရဲ႕ တစ္ခဲနက္ အားေပးမႈေတြ မ်ားစြာရရွိထားတဲ့ ကိုခန႔္ကေတာ့ ဒီလိုကာလမွာလည္း တတ္ႏိုင္သေလာက္ အလႉေလးေတြနဲ႔ ပါဝင္ ေနသူတစ္ေယာက္ပါ။

ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္ေနသူ တစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ ခ်စ္ခင္ အားက်ေနၾကတာပါ။ခုဆိုရင္လည္း ခန႔္စည္သူက ေန႔စဥ္တိုင္းလိုလို လိုအပ္တဲ့ေနရာေတြကို အခက္အခဲေတြၾကားကေန ကိုယ္တိုင္သြားေရာက္ကာ လႉဒါန္းေပးေနတာ ကိုလည္း ေလးစားစြ ာေတြ႕ျမင္ရပါတယ္။

အခုလည္း ဆီးခ်ိဳေၾကာင့္ ေျခႏွစ္ဖက္လုံးျဖတ္လိုက္ရၿပီး က်န္းမာေရး မွာလည္း သိသိသာသာ ဆိုး႐ြားကာ အိပ္ရာထဲလဲေနတဲ့ ကာတြန္းဒဲ့ဒိုး(ခ)ဇာတ္ပို႔သ႐ုပ္ေဆာင္ အဘဦးသက္ေဝအတြက္ အစားအေသာက္အပါအဝင္ လိုအပ္တဲ့ပစၥည္းမ်ားနဲ႔ အလႉေငြမ်ား သြားေရာက္လႉဒါန္းျဖစ္ခဲ့ေၾကာင္းေဖာ္ျပထား တာေတြ႕ရ ပါတယ္။

Credit– Cele Zone
Photo – Kyaw Soe Win

Leave a Reply

Your email address will not be published. Required fields are marked *