ကျန်းမာရေး မကောင်း ပေမယ့် ဝရမ်းထုတ် ခံထား ရလို့ ဆေးခန်းတောင် မပြရဲကြောင်း ရင်ဖွင့် လာ တဲ့ ကျော်ကျော်နန္ဒ ရဲ့ ဗီဒီယို

Posted on

ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ ကျော်ကျော်နန္ဒဟာ လက်ရှိမှာ (၅၀၅) (က) နဲ့ ဝရမ်းထုတ် ခံရလို့ တိမ်းရှောင်နေရသူတစ်ယောက်ဖြစ်ပါတယ်။ တကယ့်အကျပ်အတည်းကာလ တွေကိုရင်ဆိုင်ရတဲ့အချိန်မှာ ပြည်သူတွေဖက်ကရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေကို ပရိသတ်တွေက သေချာမှတ်သားထားကြမှာပါ။ ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း စားဝတ်နေရေး အခက် အခဲကြောင့် ပြည်သူတွေကိုအကူအညီတောင်းခံခဲ့ ပါသေးတယ်။ လက်ရှိမှာတော့ ကျန်းမာရေးလည်း မကောင်းဖြစ်နေပြီး အသည်းခဏခဏဖြစ်နေပေမယ့် ဆေးခန်းသွားပြဖို့ကို မဝံ့ရဲတာကြောင့် ဝေဒနာကိုအံကြိတ်ခံနေရကြောင်း Myanmarload Media ကို ပြောလာခဲ့ပါတယ်။

ကိုယ်တိုင်ကဒီလိုအခက်အခဲတွေရင်ဆိုင်နေရပေမယ့် ပြည်သူတွေကို Covid ကပ်ရောဂါနဲ့ တခြားဘေးအန္တရာယ်တွေကိုဂရုစိုက်ရှောင်ရှားဖို့ စေတနာထားပြီးမှာကြားခဲ့ပါသေးတယ်။ ပထမရှောင်ပုန်းနေတဲ့နေရာကအဆင်ပြေပြီး ဒုတိယပြောင်းရွှေ့သွားတဲ့နေရာကတော့ ဝေးလည်းဝေးသလို နေရေးထိုင်ရေးလည်း အတော်လေးအဆင်မပြေဖြစ်နေကြောင်း ရင်ဖွင့် လာခဲ့ပါတယ်။ မိသားစုနဲ့အဝေးမှာ နေရပြီး မိခင်ကလည်းနှလုံးရောဂါသည် ဖြစ်တာကြောင့် မိခင်ကိုပိုပြီးစိတ်ပူတဲ့အကြောင်းလည်း ပြောခဲ့ပါသေးတယ်။

မိသားစုလည်းဘေးလွတ်ရာကိုရွှေ့ပြောင်းနေရတာကြောင့် ဒီအခြေအနေဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက်စေဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေနဲ့ ဝရမ်းထုတ်ခံထားရသူတွေ ဘေးကင်းစေဖို့ ဆုတောင်းပေးလိုကြောင်း ပရိသတ်တွေကို မေတ္တာ ရပ်ခံခဲ့ပါတယ်။ သူ့ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အလိမ်အညာသတင်းတွေ တင်ကြတဲ့အခါ လွယ်လွယ်ကူကူမယုံကြည်ကြဖို့နဲ့ သူကိုယ်တိုင်တင်မှသာ ယုံကြည်ပေးကြဖို့ အသိပေးခဲ့ပါသေးတယ်။ ရောက်တဲ့နေရာ တိုင်းမှာ ဘေးကင်းပါစေ ကျော်ကျော်နန္ဒရေ။

crd Myanmarload

zawgyi

ျပည္သူေတြနဲ႔တစ္သားတည္းရပ္တည္ခဲ့တဲ့ ေက်ာ္ေက်ာ္နႏၵဟာ လက္ရွိမွာ (၅၀၅) (က) နဲ႔ ဝရမ္းထုတ္ ခံရလို႔ တိမ္းေရွာင္ေနရသူတစ္ေယာက္ျဖစ္ပါတယ္။ တကယ့္အက်ပ္အတည္းကာလ ေတြကိုရင္ဆိုင္ရတဲ့အခ်ိန္မွာ ျပည္သူေတြဖက္ကရပ္တည္ခဲ့တဲ့ အႏုပညာရွင္ေတြကို ပရိသတ္ေတြက ေသခ်ာမွတ္သားထားၾကမွာပါ။ ၿပီးခဲ့တဲ့ရက္ေတြတုန္းကလည္း စားဝတ္ေနေရး အခက္ အခဲေၾကာင့္ ျပည္သူေတြကိုအကူအညီေတာင္းခံခဲ့ ပါေသးတယ္။ လက္ရွိမွာေတာ့ က်န္းမာေရးလည္း မေကာင္းျဖစ္ေနၿပီး အသည္းခဏခဏျဖစ္ေနေပမယ့္ ေဆးခန္းသြားျပဖို႔ကို မဝံ့ရဲတာေၾကာင့္ ေဝဒနာကိုအံႀကိတ္ခံေနရေၾကာင္း Myanmarload Media ကို ေျပာလာခဲ့ပါတယ္။

ကိုယ္တိုင္ကဒီလိုအခက္အခဲေတြရင္ဆိုင္ေနရေပမယ့္ ျပည္သူေတြကို Covid ကပ္ေရာဂါနဲ႔ တျခားေဘးအႏၲရာယ္ေတြကိုဂ႐ုစိုက္ေရွာင္ရွားဖို႔ ေစတနာထားၿပီးမွာၾကားခဲ့ပါေသးတယ္။ ပထမေရွာင္ပုန္းေနတဲ့ေနရာကအဆင္ေျပၿပီး ဒုတိယေျပာင္းေ႐ႊ႕သြားတဲ့ေနရာကေတာ့ ေဝးလည္းေဝးသလို ေနေရးထိုင္ေရးလည္း အေတာ္ေလးအဆင္မေျပျဖစ္ေနေၾကာင္း ရင္ဖြင့္ လာခဲ့ပါတယ္။ မိသားစုနဲ႔အေဝးမွာ ေနရၿပီး မိခင္ကလည္းႏွလုံးေရာဂါသည္ ျဖစ္တာေၾကာင့္ မိခင္ကိုပိုၿပီးစိတ္ပူတဲ့အေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။

မိသားစုလည္းေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းေနရတာေၾကာင့္ ဒီအေျခအေနဆိုးႀကီးကေန အျမန္ဆုံး လြတ္ေျမာက္ေစဖို႔ေမွ်ာ္လင့္တယ္လို႔ဆိုပါတယ္။ ဖမ္းဆီးခံထားရသူေတြနဲ႔ ဝရမ္းထုတ္ခံထားရသူေတြ ေဘးကင္းေစဖို႔ ဆုေတာင္းေပးလိုေၾကာင္း ပရိသတ္ေတြကို ေမတၱာ ရပ္ခံခဲ့ပါတယ္။ သူ႔ရဲ႕နာမည္ကို အလြဲသုံးစားလုပ္ၿပီး အလိမ္အညာသတင္းေတြ တင္ၾကတဲ့အခါ လြယ္လြယ္ကူကူမယုံၾကည္ၾကဖို႔နဲ႔ သူကိုယ္တိုင္တင္မွသာ ယုံၾကည္ေပးၾကဖို႔ အသိေပးခဲ့ပါေသးတယ္။ ေရာက္တဲ့ေနရာ တိုင္းမွာ ေဘးကင္းပါေစ ေက်ာ္ေက်ာ္နႏၵေရ။

crd Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *