ကျနော် တို့ က လူငယ် တွေပါ၊ ကျ နော် တို့မှာ အနာဂတ် ရှိတယ်…

Posted on

ကျနော်တို့က လူငယ်တွေပါ၊ ကျနော်တို့မှာ အနာဂတ် ရှိတယ်…

ဆုံးရှုံးခံ လူအခွင့်အရေး တွေ ပြန်ပေးပါ၊ လူတစုရဲ့ အတ္တတွေ နဲ့ ကျနော် တို့မျက်စိ၊ နားတွေကို ပိတ်မထားနဲ့…

နှစ်ပေါင်း ၆၀ကျော်လောက် တစ် ကမ္ဘာလုံး ထက် အရာရာမှာ နောက်ကျနေခဲ့ပါပြီ၊
ကျနော်တို့ကို ပြန်လည်တည်ဆောက်ခွင့်ပေးပါ၊
ကျနော်တို့ကို ကြိုးစားခွင့်ပေးပါ…

CDM မှာ ပူးပေါင်းပါဝင်ပေးကြပါ၊
နိုင်မယ်လမ်းကိုသိနေရဲ့နဲ့ ကျနော်တို့ ဘာကြောင့်များ ရှုံးမဲ့ လမ်းကို မျက်စိမှိတ်လျှောက်နေရမှာလဲ…

ကျနော်တို့ရဲ့ ညတွေမှာ ကောင်းမွန်စွာ အိပ်စက်ခွင့်ပေးပါ၊
ကျနော်တို့ရဲ့မနက်တိုင်းမှာ နိုင်ငံအကျိုးကို သယ်ပိုးနိုင်ဖို့ အားအပြည့်နဲ့ နိုးထခွင့်ပေးပါ…

အရေးတော်ပုံ အောင်မြင်ပါစေ….

Credit YePhone Khaung Zaw








Leave a Reply

Your email address will not be published. Required fields are marked *