အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေ သီဆိုကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ အဆိုတော် ထူးအယ်လင်းပဲ ဖြစ်ပါတယ်။ သူကတော့ ပြည်သူတွေရဲ့ လိုအပ်တဲ့အရာတွေကို မြန်မာနိုင်ငံအနှံ့သွားရောက်ကာ လှူဒါန်းနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကုသိုလ်ရေးတိုင်း လက်မနှေးသူဖြစ်တာကြောင့်လည်း ပရိသတ်တွေက အတုယူလေးစားနေကြရတာပါ။
မနေ့ကတော့ ထူးအယ်လင်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဝမ်းနည်းစရာသတင်းတစ်ခု ဝေမျှလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်ထဲမှာ နေနေရင်းနဲ့ ဝမ်းဗိုက်သို့ ကျည်ဆံထိမှန်သွားတာကြောင့် ဆေးကုသမှုခံယူခဲ့ပေမယ့်လည်း ညနေပိုင်းတွင် ကွယ် လွန်သွားခဲ့တာကို ရေးသားထားတာပါ။ ချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဂီတလောကမှ ညီအစ်ကိုမောင်နှမများကလည်း ထူးအယ်လင်းရဲ့အစ်မ ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း Comment များ ရေးသားထားကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ကျည်ထိပြီး ကွယ်လွန်သွားခဲ့တဲ့ အစ်မဖြစ်သူအားရည်စူးပြီး သက်ပျောက်ဆွမ်းသွပ်ကာ အမျှပေးဝေ ခဲ့တာပဲ ဖြစ်ပါတယ်။
သူကလည်း ” ၂၇.၃.၂၀၂၁ စနေနေ့ နေ့လည် ကျည်ထိပြီး ညနေမှာ ကွယ်လွန်သွားတဲ့ တနင်္ဂနွေသမီး အမ မဥမ္မာရှိန် အသက် ၅၀ နှစ်အား ရည်စူး၍ သက်ပျောက်ဆွမ်းနှင့်သင်္ကန်း ဝတ္ထူကပ် အလှူကို ယနေ့ ၂၈.၃.၂၀၂၁ တနင်္ဂနွေနေ့မနက် ၁၀:၁၅ မှာ သံဃာ ငါးပါး အား ကပ်လှူဖြစ်တယ်။ ရက်လည်အတွက်ကိုလည်း ထပ်မံ ကုသိုလ်ပြုပါမယ်။ ငါ့အစ်မ အသက်ခန္ဓာရှိစဉ်က တစ်နိုင်ပြုခဲ့တဲ့ ကုသိုလ်အစုစု၊ သက်ရှိထင်ရှားမိခင်မေမေ ပြုခဲ့တဲ့ကောင်းမှုအစုစု ၊ငါ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ် အစုစုတို့ကို ရောက်ရာဘုံဘဝမှနေ၍ ကြားသိသာဓုခေါ်ဆို ကုသိုလ်အမျှရပါစေဗျာ🙏🙏🙏 အမျှ အမျှ အမျှရပါစေ 🙏 သာဓု သာဓု သာဓု🙏🙏🙏” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်စေရန် ဗီဒီယိုဖိုင်ကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Htoo El Lynn’s Facebook Account
zawgyi
အသံပါဝါအားေကာင္းေကာင္းနဲ႔ သီခ်င္းေတြ သီဆိုကာ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို သိမ္းပိုက္ရရွိထားသူကေတာ့ အဆိုေတာ္ ထူးအယ္လင္းပဲ ျဖစ္ပါတယ္။ သူကေတာ့ ျပည္သူေတြရဲ႕ လိုအပ္တဲ့အရာေတြကို ျမန္မာႏိုင္ငံအႏွံ႔သြားေရာက္ကာ လႉဒါန္းေနသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ကုသိုလ္ေရးတိုင္း လက္မေႏွးသူျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြက အတုယူေလးစားေနၾကရတာပါ။
မေန႔ကေတာ့ ထူးအယ္လင္းရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ဝမ္းနည္းစရာသတင္းတစ္ခု ေဝမွ်လာခဲ့တာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ အိမ္ထဲမွာ ေနေနရင္းနဲ႔ ဝမ္းဗိုက္သို႔ က်ည္ဆံထိမွန္သြားတာေၾကာင့္ ေဆးကုသမႈခံယူခဲ့ေပမယ့္လည္း ညေနပိုင္းတြင္ ကြယ္ လြန္သြားခဲ့တာကို ေရးသားထားတာပါ။ ခ်စ္ခင္ရတဲ့ မိတ္ေဆြအေပါင္းအသင္းမ်ားနဲ႔ ဂီတေလာကမွ ညီအစ္ကိုေမာင္ႏွမမ်ားကလည္း ထူးအယ္လင္းရဲ႕အစ္မ ကြယ္လြန္သြားတဲ့အတြက္ မိသားစုႏွင့္ထပ္တူဝမ္းနည္းရေၾကာင္း Comment မ်ား ေရးသားထားၾကတာပဲ ျဖစ္ပါတယ္။ ဒီေန႔မွာလည္း က်ည္ထိၿပီး ကြယ္လြန္သြားခဲ့တဲ့ အစ္မျဖစ္သူအားရည္စူးၿပီး သက္ေပ်ာက္ဆြမ္းသြပ္ကာ အမွ်ေပးေဝ ခဲ့တာပဲ ျဖစ္ပါတယ္။
သူကလည္း ” ၂၇.၃.၂၀၂၁ စေနေန႔ ေန႔လည္ က်ည္ထိၿပီး ညေနမွာ ကြယ္လြန္သြားတဲ့ တနဂၤေႏြသမီး အမ မဥမၼာရွိန္ အသက္ ၅၀ ႏွစ္အား ရည္စူး၍ သက္ေပ်ာက္ဆြမ္းႏွင့္သကၤန္း ဝတၳဴကပ္ အလႉကို ယေန႔ ၂၈.၃.၂၀၂၁ တနဂၤေႏြေန႔မနက္ ၁၀:၁၅ မွာ သံဃာ ငါးပါး အား ကပ္လႉျဖစ္တယ္။ ရက္လည္အတြက္ကိုလည္း ထပ္မံ ကုသိုလ္ျပဳပါမယ္။ ငါ့အစ္မ အသက္ခႏၶာရွိစဥ္က တစ္ႏိုင္ျပဳခဲ့တဲ့ ကုသိုလ္အစုစု၊ သက္ရွိထင္ရွားမိခင္ေမေမ ျပဳခဲ့တဲ့ေကာင္းမႈအစုစု ၊ငါ ျပဳခဲ့တဲ့ ေကာင္းမႈကုသိုလ္ အစုစုတို႔ကို ေရာက္ရာဘုံဘဝမွေန၍ ၾကားသိသာဓုေခၚဆို ကုသိုလ္အမွ်ရပါေစဗ်ာ🙏🙏🙏 အမွ် အမွ် အမွ်ရပါေစ 🙏 သာဓု သာဓု သာဓု🙏🙏🙏” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြလည္း ၾကည့္ရႈႏိုင္ေစရန္ ဗီဒီယိုဖိုင္ကိုပါ တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။
Source and Photo Crd-Htoo El Lynn’s Facebook Account