ကျဆုံး ခဲ့သည် ရှိသော်..အသုံးဝင်နိုင်သေးတဲ့… ကျွန်မ ရဲ့ မျက်ကြည်လွှာ နဲ့ ခန္ဓာကိုယ် အစိတ် အပိုင်း မ‌ရွေး လှူပါမည် ဆိုတဲ့ ကျဆုံး သွားတဲ့ သူရဲကောင်းမလေး မဇင်မာအောင်

Posted on

မြင်းခြံတွင် လူငယ်အမျိုးသမီး တစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရ မြင်းခြံမြို့တွင် ဆန္ဒပြလူထုအား စစ်ကောင်စီလ က်န က် ကို င်တပ်များက ယနေ့ မတ် ၂၈ ၌ အကြ မ်း ဖ က် ပ စ် ခ တ်ခဲ့ရာ အမျိုး သမီး တစ်ဦး ကျဆုံးကာ နှစ်ဦး ဒ ဏ် ရာရခဲ့သည်။.. ကျဆုံးသူသည် အသက် ၂၄ နှစ်ရှိ မဇင်မာအောင် ဖြစ်ပြီး ညာ ဘ က် ရ င် ဘ တ် အောက် ကျ ည် ထိ မှ န်ကာ နေရာတင်ကျဆုံးခဲ့သည်။မြင်းခြံမြို့တွင် ယနေ့ ညနေ ၃ နာရီအချိန်ထိ ပ စ် ခ တ် နေဆဲဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။.. ယမန်နေ့ တွင် မြင်းခြံ၌ ကျဆုံးသူ ၅ ဦး ရှိပြီး ဒ ဏ် ရာရသူ ၁၁ ဦး ရှိခဲ့ကာ ကျဆုံးသူများ မှာ အမှတ် ၂ ရပ်ကွက်မှ အသက် ၄၈ နှစ်အရွယ် ဦးစောနှင့် အသက် ၄၆ နှစ်အရွယ် ဦးသောင်းနိုင်ဦး၊ အမှတ် ၁ ရပ်ကွက်မှ အသက် ၄၀ အရွယ် ဦးမျိုးနိုင်၊ ရှားတောကျေးရွာမှ..

အသက် ၁၄ နှစ်အရွယ် မောင်ဟိန်းဝင်းထွန်း၊ ဂျုပ်ပင်ကျေးရွာမှ အသက် ၂၀ အရွယ် ကိုထွန်းရင် တို့ ဖြစ် သည်။စစ်ကောင်စီ လ က် ကို င်များ၏ ပ စ် ခ တ် မှုကြောင့် မတ် ၃ မှ ယနေ့ မတ် ၂၈ အထိ မြင်းခြံတွင် စုစုပေါင်း ကျဆုံးသူ ၁၅ ဦး ရှိပြီ ဖြစ်သည်။.. အမည် – ဇင်မာအောင် (ခ)ဇင်ပု အသက် -24 သွေ း အမျိုးအစား – A ကျွန်မအကယ်၍ အကြောင်းတစ်စုံ တစ်ရာကြောင့်.. အသက် ကျဆုံးခဲ့သည်ရှိသော်.. အသုံးဝင် နိုင်သေးတဲ့…

ကျွန်မရဲ့ မျက် ကြည် လွှာ နဲ့ ခန္ဓာကိုယ် … အစိတ်အပိုင်း မ‌ရွေး ကျွန်မလှူပါမည်.. ဆေးရုံအထိ သွားပြီး စာရွက်စာတန်း နဲ့မလုပ်ရသေး.. သော်လည်း ကျမ ကာယကံရှင် ဖြစ်သူကိုယ်တိုင်.. ကျေကျေနပ်နပ်နဲ့ လှူပြီး ခွင့်ပြုပါတယ်။.. အခုလိုအချိန် ပေးပြီး ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ် ကြီး အားလုံး ဘေးအန္တရာယ် များ ကင်းဝေးကြပြီး မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက် ရ ပါတယ်။

Crd to News for today

Leave a Reply

Your email address will not be published. Required fields are marked *