ကျဆုံးသွားတဲ့ သူရဲကောင်းတချို့က ဝိဉာဉ်အဖြစ်ဝင် ပူးကြတဲ့ ဗီဒီယိုတွေကို ကြည့်ပြီး မျက်ရည်ကျ ရတဲ့ အထိ စိတ်မကောင်း ဖြစ်နေတဲ့ ယွန်းဝတီလွင်မိုး

Posted on

ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ ပြည်ပနိုင်ငံတွင် ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ခွင့် မရတဲ့အတွက်လည်း ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ကိုတော့ အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွင် ပါဝင်ရင်း မမျှော်လင့်ပဲ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်း တွေ ရာနဲ့ချီရှိနေပါပြီ။ တစ်နိုင်ငံလုံးက ပြည်သူတွေ ကလည်း သူရဲကောင်းတွေအတွက် ယူကြုံးမရအောင် ဝမ်းနည်းနေကြပြီး ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် လည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြတာလည်း ဖြစ်ပါတယ်။ ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းတွေတစ်ချို့ဟာ သူတို့ရဲ့မိသားစုဝင်များကို စိတ်မချဖြစ်တဲ့အတွက် အခြားလူတစ်ယောက်အား ဝိညာဉ်အဖြစ် ဝင်ပူးခဲ့တဲ့ ဖြစ်ရပ်များစွာလည်း လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်များ ပြန့်နှံ့နေတာလည်း ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကလည်း ဝိညာဉ်ပူးတဲ့ဗီဒီယိုဖိုင်တွေကိုကြည့်ပြီး မျက်ရည်ကျ ရတဲ့ စိတ်မကောင်းဖြစ်နေကြောင်းကိုလည်း သူမရဲ့ Facebook Page တွင် အခုလို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” အခုတလော ကျဆုံးသွားသောသူရဲကောင်းအချို့ ဝိညာဉ်အဖြစ် ဝင်ပူးလာတဲ့ video တွေအများကြီးတက်လာပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ ကြောက်တဲ့ စိတ်မဖြစ်ပဲရင်တစ်ခုလုံးဆို့ပြီး မျက်ရည်ကျရလောက်အောင် အရမ်းသနားဖို့ကောင်းပါတယ်။ ဝင်ပူးသမျှ video တိုင်းမှာလဲ သူတို့အနေနဲ့ ဘဝကူးသွားတာတောင်ဒီတိုက်ပွဲကြီးနိုင်တဲ့အထိ ဆက်တိုက်သွားဖို့၊အားလုံးကိုလဲ ဆက်တိုက်ပေးဖို့ စည်းရုံးနေကြတာပါ။ အဲ့တော့ သူတို့ပေးဆပ်လိုက်ရတဲ့ သွေးတွေ အသက်တွေအချည်းနှီးမဖြစ်အောင် တို့ကျန်တဲ့သူတွေက အားမလျော့ဇွဲမလျော့ပဲဆက်တိုက်ကြရအောင်။ အရေးတော်ပုံ အောင်ကိုအောင်ရမည်။ #အရေးတော်ပုံ အောင်ရမည် “ဆိုပြီး ဝမ်းနည်းစွာနဲ့ ရေးသားထားတဲ့ သူမရဲ့ခံစားချက်တွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Yunwaddy Lwin Moe’s Facebook Page

zawgyi

ယြန္းဝတီလြင္မိုးကေတာ့ လက္ရွိမွာ ျပည္ပႏိုင္ငံတြင္ ပညာသင္ၾကားေနတာပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ တြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ကိုယ္က် ပူးေပါင္းပါဝင္ခြင့္ မရတဲ့အတြက္လည္း ဝမ္းနည္းေနတာပဲ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း သူမရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာမွတစ္ဆင့္ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ကိုေတာ့ အခ်ိန္နဲ႔တစ္ေျပးညီ ေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။

လူထုလႈပ္ရွားမႈတြင္ ပါဝင္ရင္း မေမွ်ာ္လင့္ပဲ ေႂကြလြင့္သြားခဲ့ရတဲ့ သူရဲေကာင္း ေတြ ရာနဲ႔ခ်ီရွိေနပါၿပီ။ တစ္ႏိုင္ငံလုံးက ျပည္သူေတြ ကလည္း သူရဲေကာင္းေတြအတြက္ ယူႀကဳံးမရေအာင္ ဝမ္းနည္းေနၾကၿပီး က်န္ရစ္ခဲ့တဲ့ သူတို႔ရဲ႕ မိသားစုဝင္ေတြအတြက္ လည္း တတ္ႏိုင္တဲ့ဘက္ကေန ကူညီေပးေနၾကတာလည္း ျဖစ္ပါတယ္။ က်ဆုံးသြားခဲ့ၾကတဲ့ သူရဲေကာင္းေတြတစ္ခ်ိဳ႕ဟာ သူတို႔ရဲ႕မိသားစုဝင္မ်ားကို စိတ္မခ်ျဖစ္တဲ့အတြက္ အျခားလူတစ္ေယာက္အား ဝိညာဥ္အျဖစ္ ဝင္ပူးခဲ့တဲ့ ျဖစ္ရပ္မ်ားစြာလည္း လူမႈကြန္ယက္တြင္ ဗီဒီယိုဖိုင္မ်ား ျပန႔္ႏွံ႔ေနတာလည္း ျဖစ္ပါတယ္။

ယြန္းဝတီလြင္မိုးကလည္း ဝိညာဥ္ပူးတဲ့ဗီဒီယိုဖိုင္ေတြကိုၾကည့္ၿပီး မ်က္ရည္က် ရတဲ့ စိတ္မေကာင္းျဖစ္ေနေၾကာင္းကိုလည္း သူမရဲ႕ Facebook Page တြင္ အခုလို ေရးသားထားတာပဲ ျဖစ္ပါတယ္။ ” အခုတေလာ က်ဆုံးသြားေသာသူရဲေကာင္းအခ်ိဳ႕ ဝိညာဥ္အျဖစ္ ဝင္ပူးလာတဲ့ video ေတြအမ်ားႀကီးတက္လာပါတယ္။ ၾကည့္ရင္းၾကည့္ရင္းနဲ႔ ေၾကာက္တဲ့ စိတ္မျဖစ္ပဲရင္တစ္ခုလုံးဆို႔ၿပီး မ်က္ရည္က်ရေလာက္ေအာင္ အရမ္းသနားဖို႔ေကာင္းပါတယ္။ ဝင္ပူးသမွ် video တိုင္းမွာလဲ သူတို႔အေနနဲ႔ ဘဝကူးသြားတာေတာင္ဒီတိုက္ပြဲႀကီးႏိုင္တဲ့အထိ ဆက္တိုက္သြားဖို႔၊အားလုံးကိုလဲ ဆက္တိုက္ေပးဖို႔ စည္း႐ုံးေနၾကတာပါ။ အဲ့ေတာ့ သူတို႔ေပးဆပ္လိုက္ရတဲ့ ေသြးေတြ အသက္ေတြအခ်ည္းႏွီးမျဖစ္ေအာင္ တို႔က်န္တဲ့သူေတြက အားမေလ်ာ့ဇြဲမေလ်ာ့ပဲဆက္တိုက္ၾကရေအာင္။ အေရးေတာ္ပုံ ေအာင္ကိုေအာင္ရမည္။ #အေရးေတာ္ပုံ ေအာင္ရမည္ “ဆိုၿပီး ဝမ္းနည္းစြာနဲ႔ ေရးသားထားတဲ့ သူမရဲ႕ခံစားခ်က္ေတြကို တစ္ဆင့္ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Yunwaddy Lwin Moe’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *