ကျဆုံးသွားတဲ့ ချစ်သူ ကောင်လေး ကစားနေ ကျ ဂိုးတိုင်အောက် မှာ ထိုင်ပြီး အမှတ်တရတွေ ကို ကြည့်ကာ သတိရနေရတဲ့ ကောင်မလေး

Posted on

ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့မှာဆိုရင် မြန်မာနိုင်ငံက နေရာ အနှံ့ အပြားမှာ ကျဆုံးသူတွေ များပြားခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနေ့မှာ အသက်ပေးခဲ့တဲ့ ပြည်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ကိုအောင်ဇင်ဖြိုးကတော့ လင်းလက်ဖူဆယ်ကလပ်က ဂိုးသမားတစ်ယောက်ပဲ ဖြစ်ပါတယ် ။ အသက် (၁၈)နှစ်သာရှိသေးတဲ့ ကိုအောင်ဇင်ဖြိုးက ရင်ဘတ် ကျည်ထိမှန်ပြီး မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ (၅၈) လမ်း၊ ခေတ်သစ်ပန်းလမ်း ခံတပ်အရှေ့မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ် ။

ဘောလုံးလောကရဲ့ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့ရတဲ့အပေါ် ပြည်သူ တွေကလည်း အရမ်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ကိုအောင်ဇင်ဖြိုးရဲ့ ချစ်သူလေးကလည်း အခုဆိုရင် သူကစားနေကျ ဂိုးတိုင်အောက်မှာထိုင်ပြီး အမှတ်တရတွေကိုကြည့်ကာ သတိရနေရတာပဲ ဖြစ်ပါတယ် ။ ကောင်မလေးကတော့ ကျဆုံးသွားတဲ့ သူမရဲ့ချစ်သူ ကိုအောင်ဇင်ဖြိုးကို လွမ်းဆွတ် တမ်းတနေတာကြောင့် ချစ်သူရဲ့နာမည်နဲ့ဓာတ်ပုံပါတဲ့ ဘောလုံး အင်္ကျီလေးကိုပါ ဝတ်ဆင်ထား တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ဂိုးတိုင်အောက်မှာ ကိုအောင်ဇင်ဖြိုးရဲ့ဘောလုံး ဝတ်စုံနဲ့အတူ အမှတ်တရဓာတ်ပုံတွေ၊ ပန်းစည်းတွေ ကိုလည်း ချပေးထားတာ ဖြစ်ပါတယ် ။ ကိုအောင်ဇင်ဖြိုးတို့ချစ်သူနှစ်ဦးကတော့ လူထုလှုပ်ရှားမှုတွေမှာ အတူတကွပါဝင်ခဲ့ကြပြီး မခွဲအတူရှိခဲ့တယ် ဆိုတာကို ဓာတ်ပုံတွေက ဖော်ပြနေခဲ့တာပဲ ဖြစ်ပါတယ် ။ ပြန်မလာနိုင်တော့တဲ့ ချစ်သူကို သတိရနေတဲ့ ကောင်မလေးရဲ့ ပုံရိပ်တွေကိုကြည့်ပြီး ပြည်သူတွေပါ စိတ်မကောင်းဖြစ်နေရတာပဲ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ သူရဲကောင်း ကိုအောင်ဇင်ဖြိုးလည်း ကောင်းရာမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေ။

Source & Photo Credit-Original Uploader & Nay Photography

Leave a Reply

Your email address will not be published. Required fields are marked *