ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေ ရဲ့ ကျန်ရစ်သူ မိသားစုတွေဆီ အလှူငွေ သွားရောက် လှူဒါန်းပြီး ဖေးမကူညီ ခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားဝေဠုကျော်ကတော့ ဇာတ်ကားတွေ များစွာ ရိုက်ကူးထားပြီး ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို ရရှိထားသလို ပရဟိတအလုပ်တွေမှာလည်း တစိုက်မတ်မတ်လုပ်ဆောင်တာတွေကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေကြတာပါ..။ အလှူတွေပြုလုပ်ပြီး ပြည်သူတွေ အတွက် အမြဲရပ်တည် နေတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း ကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်အားဖြည့်ပါဝင်နေတာ တွေ့ရပါတယ်..။ အဖက်ဖက်ကနေ ပြည်သူတွေ အတွက် ပါဝင် အားဖြည့်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း အလှူငွေတွေ ဖေးမကူညီလှူဒါန်းခဲ့ပြန်ပါတယ်..။

မတ်လ(၁၄)ရက်နေ့က ကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီကို သွားရောက်ကာ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြတာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။ “မတ် ၁၄ရက်နေ့က သဃ်န်းကျွန်းသပိတ်မှာ ကျဆုံးသွားသူ တူဝရီး ၂ယောက်ပါ မိသားစု အတွက်တော့ တော်တော် သောကဖြစ်ရမှာပါ။

တစ်တိုက်ထဲနေပါတယ် အောက်ထပ်နဲ့ ၃လွှာမှာပါ။ ကိုကျော်မင်းသူ ၃၂နှစ် မောင်မျိုးမင်းထွန်း ၂၀ နှစ် ကျမတို့ ဝေဠုကျော် ဖောင်ဒေးရှင်းမှလဲ တစ်သိန်းကျပ်စီ လှူပေးခဲ့ပါတယ်။ လိပ်စာက ဆ /က ရပ်ကွက် ၊ရတနာဒီပလမ်း၊ အမှတ် ၉၇ပါ..” ဆိုပြီးတော့လည်း အလှူရှင်တွေ လှူဒါန်းနိုင်ဖို့ အတွက် လိပ်စာကိုလည်း ပြောပြထားပါသေးတယ်..။ ကျန်ရစ်သူမိသားစုတွေကို သွားရောက်လှူဒါန်းခဲ့ပြီး ဖေးမကူညီခဲ့ကြတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်း စကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Wai Lu Kyaw Faundation’s Fb Page

Leave a Reply

Your email address will not be published. Required fields are marked *