ကျစ်လျစ် သွယ်လျ တဲ့ ဘော်ဒီ မိုက်မိုက်လေး ရအောင် လေ့ကျင့် ခန်းတွေ ကြိုးစား လုပ်နေတဲ့ အေးမြတ်သူ ရဲ့ ဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပို ရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေး ဟာလည်း ပရိသတ်ရင်ကို ထိမှန်စေတာ အသေအချာပါပဲဖြစ်ပါတယ်။

အေးမြတ်သူဟာ အခုချိန်ထိလည်းအရွယ်တင်နုပျိုနေဆဲဖြစ်ပြီး သူမရဲ့ အလှတရားတွေဟာဆို ရင်လည်း ဆယ်ကျော်သက်တွေအရှုံးပေးရလောက်အောင်ကို လှပနေတာပါ။ အေးမြတ်သူဟာ အသက်(၃၀)ကျော်လို့ထင်ရက်စရာမရှိအောင်ကို ခန္ဓာကိုယ်ပိုင်းရော၊ အသားအရည်တွေပါ လှပနေတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ အေးမြတ်သူဟာ ကျန်းမာရေးလိုက်စားတဲ့ မင်းသမီး တစ်ယောက်လည်းဖြစ်ပြီးတော့ အခုလက်ရှိမှာဆိုရင်လည်း workout လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာလည် းဖြစ်ပါတယ်။

အေးမြတ်သူဟာ workoutလေ့ကျင့်ခန်းတွေ ကို အမြဲလိုလိုကြိုးစားလုပ်နေတာဖြစ်ပြီးတော့ ပရိသတ်တွေ ကိုလည်း သူမရဲ့ ဗီဒီယိုလေးတွေကို အမြဲတင်ပေးလေ့ရှိသူပါ။ အခုဆိုရင်လည်း သူမရဲ့ Facebook my dayလေးမှာ ထရိန်နာဆရာနဲ့အတူ workoutလေ့ကျင့်ခန်းတွေ ကြိုးစားလုပ်နေရင်း ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Aye Myat Thu’s Facebook page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *