ကောင်းမှု ကုသိုလ်တွေ ပြုရင်း ကျဆုံး သွားကြတဲ့ သူရဲ ကောင်းတွေ အတွက် ဆုတောင်း မေတ္တာတွေ ပို့သပေး နေတဲ့ မမဆောင်း

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေ အခိုင်အမာနဲ့ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ အနုပ၏ရှင် တွေ ထဲမှာ အဆိုတော်သရုပ်ဆောင် ဆောင်းအိနြေ္ဒထွန်းကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်..။

မမဆောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဆောင်းအိနြေ္ဒထွန်းကတော့ လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက် ပြီးတော့ လည်း လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။

မမဆောင်းကတော့ ပြည်သူတွေနဲ့အတူ အမြဲရပ်တည်နေသလို ဒီကနေ့မှာ လည်း အိမ်ဘုရယးမှာ ဆွမ်းကပ်ကာ ကောင်း မှုကုသိုလ်တွေ ပြု ရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်လည်း ဆုတောင်းမေတ္တာတွေ ပို့သထားတာ တွေ့ရပါတယ်..။

ဆွမ်းတွေကိုယ်တိုင်ချက်ပြုတ်ရင်း ဘုရားကပ်ကောင်းမှုပြုကာ ဆုတောင်းစကားတွေ ဆိုပြီး ကုသိုလ် ပြုခဲ့တဲ့ ပုံရိပ် တွေကို လည်း သူမရဲ့လူ မှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း အားလုံးကို ဝေမျှထားပါသေးတယ်..။

“မမဆောင်း လက်ရာ ဆွမ်း,ဟင်း ,ကျောက်ကျော ,မော်လမြိုင်မုန့် ကုသိုလ်လေး တွေ 🙏🙏🙏 ဗုဒ္ဓံ မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ 🙏 ဓမ္မံ တရားတော်မြတ် ကို ပူဇေမိ ပူဇော်ပါ ၏ 🙏 သံဃံ သံဃာတော်မြတ်တို့ကိုပူဇေမိ ပူဇော်ပါ ၏ 🙏 မာတာပီတု မိဘတို့ကို ပူဇေမိပူဇော် ပါ၏ 🙏 အာစရိယ ဆရာသမားတို့ကို ပူဇေမိပူဇော်ပါ၏

သက်ရှိထင်ရှားမြတ်ဘုရားအားကပ်လှုပါ၏🙏🙏🙏 နေ့စဉ် ပဌာန်းအရှည် ရွတ်ဖတ် ပူဇော်🙏 ချစ်တဲ့သူ အားလုံး ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု 🙏🙏🙏 ကျရှုံးသွားတဲ့ သူတော်ကောင်းများအားလည်း အမျှ ပေးဝေ ပါတယ်ရှင့်🙏🙏🙏 ယ ခုပြုရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန် သို့ ရောက် ရပါလို၏ အရှင်ဘုရား 🙏

မမဆောင်း တစ်ယောက် လူသား အားလုံးအပေါ် ကာယကံ,ဝစီကံ,မနောကံဖြင့် ပြစ်မှားမိခဲ့ လျှင် ခွင့် လွှတ်ပါရှင့်🙏 မမဆောင်း အပေါ်မှာ လည်း လူသားအားလုံး ပြစ်မှားခဲ့လျှင် ကျွန်မ မမဆောင်း က ခွင့်လွှတ်ပါတယ်ရှင့် 🙏 ကောင်းသောအတိတ် ကောင်းသော နမိတ် ကောင်း သော စကား တို့ကို သာမြင်ရ ကြားရပြော ရပါစေသား🙏🙏🙏..” ဆိုပြီး ဆုတောင်း စကားဆိုရင်း ဝေမျှထားတာပါ..။

သတင်းအရင်းမြစ်: Saung Eindaray Tun’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *