ပရိတ်သတ်ကြီးရေ အခုတစ်ခါ ချစ်စရာအရမ်းကောင်းတဲ့ ပုံရိပ်လေ းတွေ ကြောင့် ပရိသတ်တွေကြားမှာ နာမည် အရမ်းကြီးနေတဲ့ ဆေးကျောင်းသူ Photo Modelလေး Hillary Soe(ဟေလရီစိုး)နဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးလေး တစ်ယောက်လို ချစ်စရာအပြုံး၊ ဖြူဝင်းနုဖတ်တဲ့ အသားအရေနဲ့ အရမ်းကိုချစ်စရာကောင်း တ ဲ့ကောင်မလေးတစ်ယောက်ကတော့ ရခိုင်တိုင်းရင်းသူလေး ဟေလရီစိုး(မေသဒ္ဓါ) ဘဲဖြစ်ပါတယ်။
စကားသံဝဲဝဲလေးနဲ့ သူမကတော့ ၂၀၁၈ ကနေစပီး သူမရဲ့အလှပုံလေးတွေကို ဆိုရှယ်မီဒီယာကနေ ပရိတ်သတ်ကိုချပြလေ့ရှိပါတယ်။ ချစ်စရာကောင်းလှတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့် ယောင်္ကျားလေး မိန်းကလေး ပရိတ်သတ်တွေကြား လူကြိုက်များလှပါတယ်။ အနုပညာအနေနဲ့တော့ သရုပ်ဆောင်ပိုင်းကိုပိုမိုနှစ်သက်ပြီး တစ်ဖြည်းဖြည်းချင်း သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်တဲ့။
သူမက ရုပ်ရည်လေးလဲ လှသလို ပညာအရည် အချင်းကလည်း ဆေးတက္ကသိုလ်(၂)မှာ ဒုတိယနှစ်တက်နေတဲ့ ဆရာဝန်လောင်း ကျောင်းသူလေးဘဲဖြစ်ပါတယ်။ အမေကနှလုံးမကောင်းတော့ နှလုံးအထူးကုဖြစ်အောင်လုပ်မယ်ဆိုပီးလည်း ရည်မှန်း ထားတဲ့ စိတ်ထားလည်းလှတဲ့ ဆရာဝန်မလေး တစ်ယောက်လည်း ဖြစ်ပါတယ်။
Photo- Hillary So
DW-shweyoe