ကောင်မလေး နဲ့ အကြည့်ချင်းဆုံပြီး အရမ်း ရိုနေကြတဲ့ ပုံလေး‌တွေ ကို ချပြလိုက်တဲ့ “မိုးအောင်ရင်”

Posted on

ပရိသတ်ကြီးရေ မင်းသားချောလေးမိုးအောင်ရင်ကတော့ အဆိုတော်အောင်ရင်ရဲ့ သားဖြစ်ပြီး ဟိုးအရင် ကတည်းက ဗီဒီယိုဇာတ်ကားတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လာတာဖြစ်ပါတယ်။မိုးအောင်ရင်က အဖေတူသားလေးဖြစ်လို့ ရုပ်ရည်ကလည်း ချောမောခန့်ညားပြီး အနုပညာအရည်အသွေးလည်းပြည့်ဝပါတယ်နော်။မိုးအောင်ရင်က လူငယ်ပီပီ လမ်းမှား ကိုရောက်သွားခဲ့ပေမယ့် အမှားကိုသိနားလည်ပြီး အခုချိန်မှာ အေးအေး ဆေးဆေးနဲ့ အလုပ်တွေကြိုးစားနေတာဖြစ်ပါတယ်။

မိုးအောင်ရင်က ဇာတ်ကားတွေလည်း ရိုက်ကူးထားပြီး အနုပညာအလုပ်တွေ ကိုလည်း အနည်း အကျဉ်းပြန်စလုပ်နေပြီဖြစ်ပါတယ်။မိုးအောင်ရင်က သူ့ရဲ့ခန္ဓာကိုယ်ကိုလည်း အမိုက်စားဖြစ်နေအောင်လို့ လေ့ကျင့်ခန်းကို အမြဲလုပ်ဆောင်နေတာဖြစ်ပါတယ်။လတ်တလောမှာ ဆိုရင်တော့ မိုးအောင်ရင်က “Moe’s Favorite Food”ဆိုတဲ့ Pageလေးကိုထောင်ပြီး စားသောက်ဖွယ်ရာလေးတွေကို ရောင်းချနေတာဖြစ်ပါတယ်။ မိုးအောင်ရင်ကတော့ အရသာရှိတဲ့ အသုတ်လေးတွေကို တက်တက်ကြွကြွနဲ့ရောင်းချနေလို့ မှာယူစားသုံးကြတဲ့ customers တွေလည်းအများကြီးရှိနေပြီဖြစ်ပါတယ်နော်။

မိုးအောင်ရင်ကတော့ အခုဆိုရင် ပရိသတ်တွေပဟေဠိဖြစ် သွားအောင်လို့ ကောင်မလေးတစ်ယောက်နဲ့အကြည့်ချင်း ဆုံပြီး ရိုနေကြတဲ့ပုံလေးတွေကို ထုတ်ပြလာတာဖြစ်ပါတယ်။မိုးအောင်ရင်က”Marry Christmas December ရဲ့အေးချမ်းမှု့တွေကို..အချစ်က နွေးထွေးစေမှာပါ..Christmas မှာချစ်သူနဲ့ပျော်ရွှင်နိုင်ကြပါစေ..”ဆိုတဲ့ စာသားလေးနဲ့အတူ ကြည်နူးစရာပုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။ကဲ ပရိသတ်ကြီးလည်း မိုးအောင်ရင်ရဲ့ဘေးနားကကောင်မလေးက ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းလိုက်ကြပါဦးနော်။

Source&Photo Credit:Moe Aung Yin’s Facebook Account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *