ကိုရီးယား ထမင်းလိပ်တွေ လုပ်ပြီး ပြည်သူတွေ အတွက် အာဟာရဒါန အဖြစ် လှူဒါန်းမှု တွေ ပြုလုပ်နေတဲ့ ပြည့်ဖူးခိုင်

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးထားတဲ့အပြင် သီချင်းလေးတွေလည်း သီဆိုပြီး အဆိုတော်အဖြစ်ပါ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်ဖူးခိုင်ကိုတော့ ပရိသတ်တွေ အမှတ် ရနေကြဦးမှာပါ..။ အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ပရိသတ်တွေ ရင်ထဲနေရာယူထားဆဲဖြစ်တဲ့ ပြည့်ဖူးခိုင်ကတော့ လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ လှုပ်ရှားမှုတွေမှာ ပါဝင်နေတာလည်း တွေ့ရပါတယ်..။

ပြည့်ဖူးခိုင်ကတော့ ပြည်သူ့သူရဲကောင်းတွေနဲ့အတူ လမ်းပေါ် ထွက်လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်အားဖြည့်သလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာဖြစ်ပြီး ဒီကနေ့လေး မှာတော့ တစ်နိုင်တစ်ပိုင်အလှူလေး ပြုလုပ် ခဲ့ပြန်ပါတယ်..။ စေတနာတွေအပြည့်နဲ့ သူမကိုယ်တိုင် ကိုရီးယားထမင်းလိပ်တွေပြင်ဆင်ချက်ပြုတ်ပြီး ပြည်သူတွေ အတွက် အာဟာရဒါနအဖြစ် လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ပြည့်ဖူးခိုင်ရဲ့ အလှူလေး ကတော့ တကယ်ကို သဘောကျစရာလေးပါပဲ..။

“တနိုင်အလှူလေးပါ..” ဆိုပြီး ကိုယ်တိုင် ပြင်ဆင်ထားတဲ့ ထမင်းလိပ် အလှူလေးတွေကို ပြည့်ဖူးခိုင်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေ ကို ပြန်လည် မျှဝေထားတာ ဖြစ်ပြီး ပရိသတ်တွေ ကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။ ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလိုလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ အခြားသောအလှူရှင်တွေနဲ့အတူ အဆိုတော်သရုပ်ဆောင် ပြည့်ဖူးခိုင်ရဲ့ အလှူကိုလည်း အားလုံးအတွက် တင်ဆက်ပေး လိုက်ပါတယ်..။

Photo Credit – Pyae Phoo Khing’s Fb Acc

zawgyi

ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္အျဖစ္ ဇာတ္ကားေတြ ႐ိုက္ကူးထားတဲ့အျပင္ သီခ်င္းေလးေတြလည္း သီဆိုၿပီး အဆိုေတာ္အျဖစ္ပါ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို အခိုင္အမာရရွိထားတဲ့ ျပည္ဖူးခိုင္ကိုေတာ့ ပရိသတ္ေတြ အမွတ္ ရေနၾကဦးမွာပါ..။ အႏုပညာအလုပ္ေတြနည္းပါးသြားေပမယ့္ ပရိသတ္ေတြ ရင္ထဲေနရာယူထားဆဲျဖစ္တဲ့ ျပည့္ဖူးခိုင္ကေတာ့ လက္ရွိ အေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔ အတူရပ္တည္ကာ လႈပ္ရွားမႈေတြမွာ ပါဝင္ေနတာလည္း ေတြ႕ရပါတယ္..။

ျပည့္ဖူးခိုင္ကေတာ့ ျပည္သူ႔သူရဲေကာင္းေတြနဲ႔အတူ လမ္းေပၚ ထြက္လႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ပါဝင္အားျဖည့္သလို လႉဒါန္းမႈေတြလည္း ျပဳလုပ္ေနတာျဖစ္ၿပီး ဒီကေန႔ေလး မွာေတာ့ တစ္ႏိုင္တစ္ပိုင္အလႉေလး ျပဳလုပ္ ခဲ့ျပန္ပါတယ္..။ ေစတနာေတြအျပည့္နဲ႔ သူမကိုယ္တိုင္ ကိုရီးယားထမင္းလိပ္ေတြျပင္ဆင္ခ်က္ျပဳတ္ၿပီး ျပည္သူေတြ အတြက္ အာဟာရဒါနအျဖစ္ လႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ ျပည့္ဖူးခိုင္ရဲ႕ အလႉေလး ကေတာ့ တကယ္ကို သေဘာက်စရာေလးပါပဲ..။

“တႏိုင္အလႉေလးပါ..” ဆိုၿပီး ကိုယ္တိုင္ ျပင္ဆင္ထားတဲ့ ထမင္းလိပ္ အလႉေလးေတြကို ျပည့္ဖူးခိုင္က သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ပရိသတ္ေတြ ကို ျပန္လည္ မွ်ေဝထားတာ ျဖစ္ၿပီး ပရိသတ္ေတြ ကလည္း သာဓုေခၚဆုေတာင္းေပးထားၾကတာ ေတြ႕ရပါတယ္..။ ျပည္သူေတြအတြက္ လိုအပ္တဲ့ေနရာေတြမွာ လိုအပ္သလိုလႉဒါန္းမႈေတြ ျပဳလုပ္ေနတဲ့ အျခားေသာအလႉရွင္ေတြနဲ႔အတူ အဆိုေတာ္သ႐ုပ္ေဆာင္ ျပည့္ဖူးခိုင္ရဲ႕ အလႉကိုလည္း အားလုံးအတြက္ တင္ဆက္ေပး လိုက္ပါတယ္..။

Photo Credit – Pyae Phoo Khing’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *