ကိုရီးယား တော်လှန်ရေးနေ့ မှာ မကြယ် စင် အကျႌ ဝတ်ဆင် ခဲ့ တဲ့ တောင် ကိုရီးယား အမတ်

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့ တော်လှန်ရေး နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီနေ့ ဧပြီ ၁၉ ရက်နေ့ မှာ ကိုရီးယား အမတ် တစ်ဦးဟာ မကြယ်စင် ဝတ်ခဲ့တဲ့ အကျႌကို ဝတ်ဆင်ခဲ့ပါတယ်။

တောင်ကိုရီးယား ပြည်သူလွှတ်တော်အမတ် ဂင်ယွန်ဒေါ့(ဂ်)က မန္တလေးမြို့ မှာ ကျဆုံး ခဲ့တဲ့ အာဇာနည် မကြယ်စင် ကျဆုံးချိန် က ဝတ်ခဲ့တဲ့ “Everything will be okay” စာတန်းပါ တီရှပ်ကို ဝတ်ဆင်ပြီး လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော် အမတ် ဂင်ယွန်ဒေါ့(ဂ်)ဟာ တခြား လွှတ်တော် အမတ်တွေကို မြန်မာနိုင်ငံ အကြောင်း ရှင်းပြပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ကို ထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ – ဂင်ယွန်ဒေါ့(ဂ်) ဖေ့ဘွတ်စ်

zawgyi

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ေတာ္လွန္ေရး ႏွစ္ပတ္လည္ေန႔ျဖစ္တဲ့ ဒီေန႔ ဧၿပီ ၁၉ ရက္ေန႔ မွာ ကိုရီးယား အမတ္ တစ္ဦးဟာ မၾကယ္စင္ ဝတ္ခဲ့တဲ့ အက်ႌကို ဝတ္ဆင္ခဲ့ပါတယ္။

ေတာင္ကိုရီးယား ျပည္သူလႊတ္ေတာ္အမတ္ ဂင္ယြန္ေဒါ့(ဂ္)က မႏၲေလးၿမိဳ႕ မွာ က်ဆုံး ခဲ့တဲ့ အာဇာနည္ မၾကယ္စင္ က်ဆုံးခ်ိန္ က ဝတ္ခဲ့တဲ့ “Everything will be okay” စာတန္းပါ တီရွပ္ကို ဝတ္ဆင္ၿပီး လႊတ္ေတာ္အစည္းအေဝးကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

လႊတ္ေတာ္ အမတ္ ဂင္ယြန္ေဒါ့(ဂ္)ဟာ တျခား လႊတ္ေတာ္ အမတ္ေတြကို ျမန္မာႏိုင္ငံ အေၾကာင္း ရွင္းျပၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕ NUG ကို ေထာက္ခံေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဓာတ္ပုံ – ဂင္ယြန္ေဒါ့(ဂ္) ေဖ့ဘြတ္စ္

Leave a Reply

Your email address will not be published. Required fields are marked *