ကိုရီးယားနိုင်ငံက ကျောင်းမှာပြုလုပ်တဲ့ မြန်မာပြည် အတွက် အထူးသတိရ ဆုတောင်း ခြင်းပွဲ မှာ တက်တက် ကြွကြွပါဝင်ခဲ့သူလေး နော်မာသာထူးဝါး

Posted on

” အိမ်လေးတစ်လုံးလိုချင်တယ် ” သီချင်းနဲ့ မြန်မာ ပရိသတ်တွေရဲ့ အပြည့်အဝ အားပေးမှု ကို ရခဲ့တဲ့ ကရင်တိုင်းရင်းသူလေး နော်မာသာထူးဝါး (ခ) ဖိုးမူကြီးဟာ တေးရေးဦးထူးဝါးရဲ့ မျိုးဆက်ဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ခြေရာကိုအပြည့်အဝနင်းဖို့ ကြိုးစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ (ထိုင်း၊ကိုရီယား၊ အင်္ဂလိပ်၊မြန်မာ၊ကရင်) စတဲ့ ဘာသာစကားငါးမျိုးတတ်ကျွမ်းပြီး အသက် (၈) နှစ်အရွယ်ထိ ထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူဦးထူးဝါးဆုံးပြီး နောက်မှာတော့ ကျန်ခဲ့တဲ့ မိသားစုတွေဟာ ကိုရီးယားနိုင်ငံ ကို ပြောင်းရွှေ့နေထိုင် ခဲ့တာ ယနေ့ထက်ထိပါပဲ။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အရေးအခင်း နဲ့ပတ်သက်ပြီး သူမတတ်နိုင် သလောက် ပါဝင်ပေးခဲ့ပါ သေးတယ်။ ဒီနေ့မှာလည်း ဖိုးမူကြီးတို့ကျောင်းမှာကျင်းပတဲ့ မြန်မာပြည်အတွက် အထူးသတိရ ဆုတောင်းခြင်းအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ယက် မှာဝေမျှပေးခဲ့ပါတယ်။ အသက်ငယ်ပေမယ့် ကိုယ့်နိုင်ငံအရေးအတွက် ရတဲ့ဖက်က တတ်နိုင်သလောက်ကြိုးစားပေးနေတဲ့ ခံယူချက်နဲ့စိတ်ဓာတ်ကတော့ တကယ်ကိုလေးစားစရာပါ။ မောင်နှမသုံးယောက်ထဲမှာလည်း အကြီးဆုံးသမီးဖြစ်တာနဲ့အညီ မိခင်ဖြစ်သူအားကိုးရအောင် လိမ္မာတဲ့သမီးလေး တစ်ယောက် ဖြစ်ပေးခဲ့ပါတယ်။

အစီအစဉ်ပြုလုပ်စဉ်က မှတ်တမ်းတင်ခဲ့တဲ့ ပုံရိပ်တွေကို ” ဒီနေ့ ဖိုးမူကြီးတို့ကျောင်းမှာ မြန်မာပြည် အတွက် အထူးသတိရဆုတောင်းခြင်း အစီအစဉ်ပြုလုပ်ခဲ့ပါတယ်။ မြန်မာပြည်ကြီးကအခက်အခဲကို ကမ္ဘာအရပ်ရပ်က ပြည်သူတွေမေ့မထားပါဘူး။ သတိတရ ဆုတောင်းပေးနေတာကြောင့် မြန်မာပြည်သားတွေ လည်း အားတင်းထားပေးပါ။ အောင်ပွဲကို ရောက်အောင်ချီတက်ပါ။ အရေးတော်ပုံအောင်ရမည်။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Photo Credit – Martha Htoowah’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *