ကိုယ့်နိုင်ငံ အတွက် တာဝန်ကျေပွန်ပြီး အားသွန်ခွန် စိုက်ကြိုးစားပေးနေတာကြောင့် တရုတ်နိုင်ငံက သတင်းမှာ ပါဖော်ပြခြင်း ခံလိုက်ရတဲ့ ပြည်သူချစ် အနုပညာရှင်များ

Posted on

စိုင်းစိုင်းခမ်းလိုင်၊ ပိုင်တံခွန်၊ ဝတ်မှုန်ရွှေရည်နဲ့ သူဇာဝင့်လွင့် တို့လေးယောက်က တော့ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိနေကြတဲ့ ပရိသတ်အချစ်တော်လေးတွေပဲ ဖြစ်ပါတယ်နော် ။ သူတို့လေးယောက်လုံးက လတ်တလောမှာဆိုရင် ပြည်သူပရိသတ်တွေဘက်ကနေ အခိုင်အမာ ရပ်တည်ပေးနေကြတာ ဖြစ်ပါတယ် ။ လူထုရဲ့ဆန္ဒနဲ့ အတူ တစ်သားတည်း ထပ်တူကျတဲ့ သူတို့လေးယောက်က ပြည်သူတစ်ယောက်နေရာကနေ ကိုယ့်နိုင်ငံ အကျိုးအတွက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။

ပိုင်တံခွန်ဟာဆိုရင် လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းလိုလို ရဲဝင့်တက်ကြွစွာ ပါဝင်ပြီး ပြည်သူ လူထုကို အရှေ့ဆုံးကနေ ကာကွယ်ပေးနေတာ ဖြစ်ပါတယ် ။ ရွှေကစ်အနေနဲ့ကလည်း တရားစခန်းကပြန်ရောက်ရောက်ချင်းမှာပဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်းဆိုခဲ့သူ ဖြစ်ပါတယ် ။ “Miss Universe Myanmar 2020” ရဲ့သရဖူပိုင်ရှင်လေးဖြစ်တဲ့ အလှမယ်သူဇာဝင့်လွင်ကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေမှာ မရပ်မနားပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

စိုင်းစိုင်းကတော့ လမ်းပေါ်က ပြည်သူတွေအမောပြေသောက်ဖို့ အချိုရည်တွေ နဲ့ ရေသန့်တွေ လှူဒါန်း ခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သူကိုယ်တိုင်လူထုနဲ့အတူ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ကိုယ့်နိုင်ငံအတွက် တာဝန်ကိုယ်စီထမ်းရွက်ရင်း အားသွန်ခွန်စိုက်ကြိုးစားနေတဲ့ သူတို့လေးယောက်ကတော့ အခုဆိုရင် တရုတ်နိုင်ငံ၊ဟောင်ကောင်ရဲ့သတင်းမီဒီယာတစ်ခုမှာ ရေးသားဖော်ပြခြင်း ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန်၊စိုင်းစိုင်း၊ရွှေကစ်နဲ့ သူဇာဝင့်လွင်တို့အပြင် အခြားအနုပညာလောကသားတွေအားလုံးကလည်း လက်ရှိမှာဆိုရင် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။

Source & Photo Credit -Wutt Hmone Shwe Yi’s IG Story & smartposrhk

zawgyi

စိုင္းစိုင္းခမ္းလိုင္၊ ပိုင္တံခြန္၊ ဝတ္မႈန္ေ႐ႊရည္နဲ႔ သူဇာဝင့္လြင့္ တို႔ေလးေယာက္က ေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈကိုယ္စီရရွိေနၾကတဲ့ ပရိသတ္အခ်စ္ေတာ္ေလးေတြပဲ ျဖစ္ပါတယ္ေနာ္ ။ သူတို႔ေလးေယာက္လုံးက လတ္တေလာမွာဆိုရင္ ျပည္သူပရိသတ္ေတြဘက္ကေန အခိုင္အမာ ရပ္တည္ေပးေနၾကတာ ျဖစ္ပါတယ္ ။ လူထုရဲ႕ဆႏၵနဲ႔ အတူ တစ္သားတည္း ထပ္တူက်တဲ့ သူတို႔ေလးေယာက္က ျပည္သူတစ္ေယာက္ေနရာကေန ကိုယ့္ႏိုင္ငံ အက်ိဳးအတြက္ တာဝန္ေက်ပြန္ေနတာ ျဖစ္ပါတယ္ ။

ပိုင္တံခြန္ဟာဆိုရင္ လူထုလႈပ္ရွားမႈေတြမွာ ေန႔တိုင္းလိုလို ရဲဝင့္တက္ႂကြစြာ ပါဝင္ၿပီး ျပည္သူ လူထုကို အေရွ႕ဆုံးကေန ကာကြယ္ေပးေနတာ ျဖစ္ပါတယ္ ။ ေ႐ႊကစ္အေနနဲ႔ကလည္း တရားစခန္းကျပန္ေရာက္ေရာက္ခ်င္းမွာပဲ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ၿပီး ရင္တြင္းဆႏၵေတြကို ေဖာ္ျပေတာင္းဆိုခဲ့သူ ျဖစ္ပါတယ္ ။ “Miss Universe Myanmar 2020” ရဲ႕သရဖူပိုင္ရွင္ေလးျဖစ္တဲ့ အလွမယ္သူဇာဝင့္လြင္ကေတာ့ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက လူထုလႈပ္ရွားမႈေတြမွာ မရပ္မနားပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။

စိုင္းစိုင္းကေတာ့ လမ္းေပၚက ျပည္သူေတြအေမာေျပေသာက္ဖို႔ အခ်ိဳရည္ေတြ နဲ႔ ေရသန္႔ေတြ လႉဒါန္း ခဲ့သလို ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း သူကိုယ္တိုင္လူထုနဲ႔အတူ ပါဝင္လႈပ္ရွားခဲ့ပါတယ္။ ကိုယ့္ႏိုင္ငံအတြက္ တာဝန္ကိုယ္စီထမ္း႐ြက္ရင္း အားသြန္ခြန္စိုက္ႀကိဳးစားေနတဲ့ သူတို႔ေလးေယာက္ကေတာ့ အခုဆိုရင္ တ႐ုတ္ႏိုင္ငံ၊ေဟာင္ေကာင္ရဲ႕သတင္းမီဒီယာတစ္ခုမွာ ေရးသားေဖာ္ျပျခင္း ခံလိုက္ရတာပဲ ျဖစ္ပါတယ္ ။ ပိုင္တံခြန္၊စိုင္းစိုင္း၊ေ႐ႊကစ္နဲ႔ သူဇာဝင့္လြင္တို႔အျပင္ အျခားအႏုပညာေလာကသားေတြအားလုံးကလည္း လက္ရွိမွာဆိုရင္ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ၿပီး လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေနၾကတာပဲ ျဖစ္ပါတယ္။

Source & Photo Credit -Wutt Hmone Shwe Yi’s IG Story & smartposrhk

Leave a Reply

Your email address will not be published. Required fields are marked *