သရုပ်ဆောင် မင်းသမီးချောတွေ ဖြစ်ကြတဲ့ ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့နှစ်ယောက်ကတော့ လူထုလှုပ်ရှားမှုတွေမှာ တက်တက် ကြွကြွ ပါဝင်နေကြတာပဲ ဖြစ်ပါတယ် ။ သူမတို့နှစ်ယောက်လုံး က ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသလို လူမှုကွန်ယက် စာ မျက်နှာတွေကတစ်ဆင့် ကူညီပေးနေတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ပက်ထရစ်ရှာတို့ နှစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကိစ္စတွေကို ကမ္ဘာကသိအောင် ပြောပြခဲ့ကြတာ ဖြစ်ပါတယ် ။ ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့က အင်္ဂလိပ်စကားနဲ့ သေသေချာချာပြောပြပြီး ရိုက်ကူး ထားတဲ့ ဗီဒီယိုတွေကို YouTube ,Instagram နဲ့ Twitter စတဲ့ Social Media တွေမှာ တင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ သူမတို့ရဲ့ဗီဒီယိုတွေက လူကြည့်များပြီး ထိုင်းနိုင်ငံရဲ့မီဒီယာ တစ် ခုမှာပါ ဖော်ပြခြင်းခံလိုက်ရတာ ဖြစ်ပါတယ် ။
ဒါကြောင့် ပက်ထရစ်ရှာက “တစ်ခြား celebrities တွေ လည်း speak up လုပ်ကြပါ ပြည် ပ နိုင်ငံတွေ ရဲ့သတင်းမီဒီယာတွေမှာ ဖော်ပြ ခံရတဲ့အခါ ကိုယ့်နိုင်ငံအရေးအတွက် အထောက် အ ကူပြုပါတယ်” ဆိုပြီး ပြောထားတာ ဖြစ်ပါ တယ် ။ မြတ်နိုးအေးကလည်း “ကိုယ့်နိုင်ငံမှာခံနေရတဲ့ မတရားခံရမှုအတွက် နိုင်ငံတကာကို ပြောပြ ချင်တယ် ဘယ်လိုပြောရင် အထိရောက်ဆုံးဖြစ်မယ်တွေ ဘာတွေ မသိပါဘူး။ ပြောချင်ခဲ့တာ ပဲသိတယ်။ အဲ့တော့ ကိုယ့်မှာရှိတဲ့ ကိုယ်အားသာတဲ့ platform ကို သုံးပြီး ပြောခဲ့တာတွေ ခုလို သူများနိုင်ငံ media တွေမှာ အသိအမှတ်ပြုခံရတော့ ကျေနပ်ပါတယ်။ မကြောက်ဘူးလား ဆို တော့ ကြောက်ပါတယ် ။
ဒါပေမယ့် ဘာမှမလုပ်လို့ လိပ်ပြာမလုံဘဲနေရမှာကို ပိုကြောက် ပါတယ်။ အနာဂတ်တွေမဲ့မှာကို ပိုကြောက် ပါတယ်။ အမှန်တရား ဘက်မှာ မရပ်တည်နိုင်တဲ့ သူတစ်ယောက်ဖြစ်မှာကို ပိုကြောက် ပါတယ်။ မြတ်နိုးကတော့ တတ်နိုင်တဲ့ဘက်ကနေ အမှန်တရားအတွက် Speak Out လုပ်နေဦး မှာပါ ။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ထိုင်းမီဒီယာမှာပါ ဖော်ပြခြင်းခံရတဲ့ ပက်ထရစ်ရှာ နဲ့ မြတ်နိုးအေးတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
Source & Photo Credit-Patricia (Sue Sha Naing)’s FB Page & “Myat Noe Aye-မြတ်နိုးအေး”FB Page