ကိုယ်ပိုင် ချွေးနှဲစာ နဲ့ လှူတန်းမူတွေ ပြုလုပ် သွားမည် သရုပ်ဆောင် သက်မွန်မြင့်

Posted on

ပြည်သူ့ဝန်ထမ်းတွေ အတွက် ကိုယ့်ခွန် ကိုယ့်အားနဲ့ ရှာဖွေ ထားတဲ့ ချွေးနှဲစာ ကနေလည်း လှူဒါန်းသွားပါမည်။

သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့် ကတော့ အနုပညာ သက်တမ်း ဆယ်စုနှစ်တွေ များစွာတိုင်အောင်

ပရိသတ်တွေများစွာရဲ့ ချစ်ခင် အားပေးမှုတွေကို သိမ်းပိုက် ရရှိထား သူလည်း ဖြစ်ပါတယ်။

အရေးကြုံလာရင်လည်း ပြည်သူ တွေ နဲ့ တစ်သွေးတည်း တစ်သား တည်း ပါဝင်ခဲ့သူ ဖြစ်တာကြောင့် အားလုံးက ေ

လးစား အားကျနေကြတာလည်း ဖြစ်ပါတယ်။ ချစ်သက်ဟာ နေမကောင်းပေမယ့် လည်း လတ်တလော ဖြစ်ေ

ပါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ခင်ပွန်းဖြစ်သူနဲ့ အတူ တက်ကြွစွာ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်သူတွေ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ရန် အတွက်လည်း သူမရဲ့ လူမှုကွန်ယက်စာ မျက်နှာများမှ တစ်ဆင့်

အမြဲတိုက်တွန်း ပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သက်မွန်မြင့်ရဲ့

ဖေ့စ်ဘုတ်ခ် Page တွင် ဒီလှုပ်ရှားမှုအတွက် သူမ လုပ်ပေးနိုင်တဲ့ အရာလေး တစ်ခုကို ရေးသားထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ကိုယ်တိုင် ရှာဖွေထားတဲ့ ချွေးနှဲစာနဲ့ ပြည်သူ့ဝန် ထမ်းအတွက် တတ်အားသ၍ ကူညီလှူဒါန်း သွားမယ့်

အကြောင် ပြောပြလာတာပဲ ဖြစ်ပါတယ်။သက်မွန် တော်တော် နေကောင်းလာ လို့ ဝမ်းသာနေခဲ့တာပါ Feb ၁ ရက်နေ့

ကတည်းက နေမကောင်း ပြန်ဖြစ်တာ မတရားမှုကို ခံပြင်းလွန်းလို့ မနေနိုင် မခံနိုင်လို့ ထွက်ခဲ့တယ် တစ်တပ်တစ်

အား ပါဝင်ခဲ့တယ် ခုအိပ်ရာထဲလဲတာ ၃ ရက် လောက်ရှိပြီ ဒီတစ်ခေါက်ပဲကိုယ့်ရောဂါ ကိုယ်ဒေါသထွက်ဖူးတယ်။

နေကောင်းတာနဲ့ ပန်းတိုင် မရောက်မချင်း ပြည်သူနဲ့အတူ ပါဝင်မယ် ပြည်သူ့ဝန်ထမ်းတွေအတွက်

ကျွန်မ ကိုယ့်ခွန်ကိုယ့်အားနဲ့ ရှာဖွေထားတဲ့ ချွေးနှဲစာကနေလည်း လှူဒါန်းသွားပါမည် Fighting ပါဆိုပြီး ရေးသားထားတာပ

ဖြစ်ပြီးပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

ပြီးဆုံးအောင် ဖတ်ပေးကြတဲ့ စာဖတ်သူပရိသတ် အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာကြပါစေခင်ဗျာ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *