ကိုယ်တိုင် အပင်ပန်းခံပြီး လုပ်ထား တဲ့ မုန့်လေးတွေ ကို လမ်းပေါ်က ပြည်သူတွေအတွက် ဝေငှပေး ခဲ့တဲ့ လင်းဇာနည်ဇော် တို့သားအမိ နှစ်ယောက်

Posted on

သရုပ်ဆောင် မင်းသမီး လင်းဇာနည်ဇော် ကတော့ အနုပညာလောက မှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့သမီးချောလေး မြူလင်းကိုကိုကလည်း မေမေ့ရဲ့ အနုပညာအမွေတွေကို ဆက်လက် ရရှိထားတာလည်း ဖြစ်ပါတယ်။ သားအမိ နှစ်ယောက်လုံးဟာ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတာလည်း ဖြစ်ပါတယ်။

လမ်းပေါ်မှာ သူတို့ရဲ့ရင်ထဲက ဆန္ဒအမှန်တရားတွေ ကို ထုတ်ဖော်နေကြတဲ့ ပြည်သူတွေ အတွက်လည်း စားစရာများကိုလည်း အမြဲလှူဒါန်းပေးနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းကလည်း ပြည်သူတွေ သန့်ရှင်းလတ်ဆတ်တဲ့အစားအစားတွေ သုံးဆောင်နိုင်ရန် Sandwich အခု (၅၀၀) ကို အလှူရှင်တစ်ဦး ရဲ့ လှူဒါန်းမှုကြောင့် လင်းဇာနည်ဇော်တို့သားအမိတွေ ကိုယ်တိုင်ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း လင်းဇာနည်ဇော်နဲ့ မြူလင်းကိုကို တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာလည်း ဖြစ်ပါတယ်။

ဒါကတော့ ကိုယ်တိုင်အပင်ပန်းခံပြီး လုပ်ထားကြတဲ့ မုန့်လေးတွေကို လမ်းပေါ်ကပြည်သူတွေ အတွက်ဝေငှပေးခဲ့တဲ့လင်းဇာနည်ဇော်တို့သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ မြေနီကုန်းနဲ့ စင်္ကာပူသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ပြသနေကြတဲ့ ပြည်သူတွေအား မုန့်လေးတွေကို လှူဒါန်းခဲ့ကြပြီး ပြည်သူချစ်အနုပညာရှင်များကိုပါ Sandwich လေးတွေ ဝေငှပေးခဲ့တာ ကိုလည်း ကြည်နူးဖွယ် မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပြီး အားလုံးလည်း နေဝင်ညတွေကိုကူးဖြတ်ပြီးတဲ့အခါ မကြာခင်မှာ ရောင်နီလာမယ့်နေ့သစ်တွေ ရောက်ရှိလာတော့မှာမို့ စိတ်မလျော့ဘဲ လူထုလှုပ်ရှားမှုတွေမှာ ဆက်လက် ပါဝင်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Lin Zarni Zaw’s and Myu Lin Ko Ko’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *