ကိုယ်တိုင် အဆင်မပြေတဲ့ ကြားကနေ တတ်နိုင်သလောက်လေး လှူခဲ့တာကို ဝေဖန်နေကြ တဲ့ အတွက် ပြတ်ပြတ် သားသား တုံ့ပြန်လိုက်တဲ့ ပိုပို

Posted on

အဆိုတော်မလေး ပိုပိုကတော့ တေးသီချင်းကောင်း များစွာနဲ့ အောင်မြင်ကျော်ကြားခဲ့ သူလေးဖြစ်ပြီး အခုအချိန်မှာလည်း ပရိသတ်တွေ ရဲ့အချစ်တွေကို သိမ်းပိုက်ရရှိနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာ ကိုယ့်နိုင်ငံအတွက် ပြည်သူတစ်ယောက်နေရာကနေ တစ်တပ်တစ်အား ပါဝင်ကူညီနေတဲ့ ပိုပိုက ချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့အတူ လူထု လှုပ်ရှားမှု တွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ် ။ ပိုပိုက ကိုယ်တိုင်ကိုယ်ကျ လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေတာလည်း ဖြစ်ပါတယ် ။

မနေ့ကတော့ ပိုပိုက လှည်းတန်းမှာဆုံးပါးသွားခဲ့တဲ့ မောင်လေးညီညီ အတွက် စိတ်မကောင်းဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ် ။ ပိုပိုက မောင်လေးညီညီအတွက် သူမတတ်နိုင်သလောက် ကူညီလှူဒါန်းပေးခဲ့သလို မိသားစု ကိုလည်း အားပေးစကားပြောခဲ့တာ ဖြစ်ပါတယ် ။ ပိုပို့အနေနဲ့ သူမကိုယ်တိုင်အခက်အခဲတွေရှိနေကြားကနေ စေတနာအပြည့်နဲ့ နိုင်သလောက်လှူခဲ့ပေမယ့်လည်း လူတစ်ချို့က အပြင်းအထန်ဝေဖန်နေတာကြောင့် ပြန်လည်တုံ့ပြန်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

ပိုပိုက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ “လူတွေက အပြစ်ပြောဖို့ပဲ သိကြတယ်နော် ဘယ်လောက်လှူလှူ စေတနာနဲ့လှူဖို့ အဓိကပါနော် ကျွန်မတို့မှာရှိသလောက်လှူတာပါရှင် ကျွန်မအခုမှလှူတာမဟုတ်ပါဘူး သိန်းရာချီပြီးလှူခဲ့ဖူးတယ်ရှင် covid ပြီးတော့ အခုချိန် ကျွန်မဆို ပိုက်ဆံချေးသုံးနေရတဲ့အချိန်မှာလှူတာပါ ကိုယ်တိုင်လည်းမလှူပဲ သူများ လှူတာကို အပြစ်ပြောတဲ့သူတစ်ယောက်စီတိုင်းကိုရွံမိပါတယ်ရှင့် အဆိုတော်တွေ ဝင်ငွေမရှိတာဘယ်လောက်ကြာပြီလဲ ပွဲတွေရော လုပ်တာ မြင်လို့လား ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်တွေတောင် ချေးသုံးနေရတယ် အဲ့လိုပြောရင်လည်း နင်တို့ကနှိမ်ဦးမယ် ငါလှူတဲ့၂၀၀၀၀ က ငါ့စေတနာအစစ်မှန်ပဲ ငါ့ရဲ့ရိုးရိုးသားသားရှာထားတဲ့ငွေပဲ သိထား ရှုတ်ချအပြစ်တင်တဲ့သူမှန်သမျှကို ထပ်ရွံတယ် (နောက်ထပ်မလှူချင်အောင် ဝေဖန် အပြစ်တင်ရှုတ်ချနေသလိုပဲနော် )ကျွန်မကိုဆဲတဲ့သူတွေရှင်တို့သာ သိန်းရာချီပြီးသွား လှူနိုင်ပါစေ ကျွန်မကိုထပ်ဆဲတဲ့ သူတွေ ရှင်တို့ပဲငရဲရမှာဆဲကြ” ဆိုပြီး ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ် ။ ပိုပိုကတော့ တတ်နိုင်တဲ့ဘက်ကနေ ရသလောက်လေးကူညီခဲ့ပေမယ့် ဝေဖန်ပြောဆိုသူတွေရဲ့ စကားကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-“ပိုပို” Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *