ကိုယ်တိုင် လည်း ဝရမ်းပြေး ဖြစ်ပေမယ့် တစ်ထောင့်တစ်နေရာက အမြဲတမ်း ပေးဆပ် နေတုန်းဘဲ ဆိုတဲ့ NOVEM HTOO
Posted on
မင်းဘာတွေလုပ်ပြီးပြီလဲ၊ မင်းဘာတွေဆက် လုပ်မလဲ၊ EAO တွေ၊CRPH ၊ NUG ၊ UN ဘာညာတွေ ကို တွေးနေရမယ့် အချိန်မဟုတ်ဘူး။ သူတို့လည်း သူတို့အလုပ် သူတို့လုပ်နေလိမ့်မယ်။ ကိုယ်တိုင်ကလည်း စောက်ပျော်တွေလုပ်မနေဘဲ ကိုယ့်အပေါ် စောက်နိုင်ကျင့်တာကို ခေါင်းငုံ့ မခံဘဲ ဘယ်လို ပြန်သိပ်ရမလဲဘဲတွေးနေရမှာ။
နည်းလမ်းမျိုးစုံနဲ့ စောက်ကျင့်ယုတ်တာကို ခံလာတာအခုဘဲ ရက်ပေါင်း ၁၀၀ ကျော်နေပြီ။ စောက်ရူးတွေအောက်မှာ ကျွန်သာသာ အသက်ထပ်ရှင်တာထက် ခင်များတို့ တိုက်ရင်းသေတာက ပိုမိုက်အုန်းမယ်။ ရှင်းရှင်းလေး တိုက်မယ်ဆိုတဲ့သူတွေက လေ့ကျင့်၊ နောက်ကွယ်က လှူတန်းမယ့် သူက လှူ ၊ အခွန်မှန်သမျှရှောင်၊ Boycott လုပ်ရမယ့်ဟာလုပ်၊ ကိုယ်နိုင်မယ့်တာဝန်ကို ထမ်းနေဖို့ဘဲလိုတာ။
အနုပညာရှင်တွေလည်း အကြမ်းဖက်တာဘဲလုပ်တတ်ပြီး လူမှန်ရင် လက်မခံတဲ့ စောက်ရူးအုပ်စုရဲ့ ဝရမ်းပြေးဖြစ်ရ၊ CDM သမားတွေလည်း အိမ်တွေစွန့်လွှတ်၊ ရာထူးတွေစွန့်လွှတ်ကြ၊အာဇာနည်များလည်း သွေးချောင်းစီးခဲ့ရတာကို
မမေ့ပါနဲ့ ။ ကိုယ်တိုင်လည်း ဝရမ်းပြေးဖြစ်ပေမယ့် တစ်ထောင့်တစ်နေရာက အမြဲတမ်းပေးဆပ်နေတုန်းဘဲ။ မလုပ်တတ်တာဆိုလို့ စောက်ပိုဘဲ ရှိတယ်။ သွေးကြွေးဆပ်ဖို့ကို ဆာလောင်နေရမယ်။ တော်လှန်ရေးကို ဆာလောင်နေရမယ်။🔥
Novem Htoo
zawgyi
Novem Htoo
Leave a Reply
Your email address will not be published. Required fields are marked *