ကိုယ်တိုင်အလုပ်လုပ်ရှာဖွေလို့ရလာတဲ့ ချွေးနဲစာငွေလေးတွေနဲ့ လူနာတင်ယာဉ်တစ်စီးလှူဒါန်းခဲ့ဲ့တဲ့ G

Posted on

G ကတော့ The Voice Myanmar Season (4) ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာခဲ့တဲ့ သူတစ်ယောက်ပါ။ ဟန်ဆောင်မာန်မာနမရှိရိုးသားပွင့်လင်းလွန်းလှတဲ့ G ရဲ့ စိတ်ဓာတ်နဲ့ ပရဟိတတွေကို စွမ်းစွမ်းတမံဆောင်ရွက်တတ်တာတွေကြောင့် ပရိသတ်တွေက G ကို အချစ်ပိုနေကြရတာပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း G က သူကိုယ်တိုင်ရှာဖွေလို့ရတဲ့ လုပ်အားခချွေးနည်းစာငွေလေးတွေကိုစုပြီး အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ G ကိုယ်တိုင်လုပ်အားပေးနေတဲ့ ရှင်သန်ရေးကူညီမှုအသင်းကြီးမှာ အသုံးပြုဖို့ လူနာတင်ယာဉ်တစ်စီးနဲ့ သူ့ရဲ့မိဘတွေလှူဒါန်းထားတဲ့ ရေဘောက်စာကို ပြင်ဖို့အတွက် သိန်း (၃၀) လှူလိုက်တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ G ရဲ့ ချွေးနဲစာလေးတွေကို စုပြီး လှူဒါန်းပေးတဲ့ မွန်မြတ်လှတဲ့ အလှူလေးဖြစ်တာကြောင့် ဝမ်းမြောက်ဝမ်းသာနဲ့သာဓုခေါ်ဆိုနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း G ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုလို့ရအောင် CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleZone
Source – G Vocals

Leave a Reply

Your email address will not be published. Required fields are marked *