ကိုယ်တိုင်က အရေးယူခြင်းခံထား ရပေမယ့် အကြောက်တရား က ပြည်သူလူထု ကို လွှမ်းမိုး သွားမှာကိုပဲ စိတ်ပူတယ် လို့ ပြောပြ လာတဲ့ နွယ်ဒါလီထွန်း

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ် အခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်နေတဲ့ သရုပ်ဆောင်မင်းသမီးချောနွယ်ဒါလီထွန်းကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ တက်ကြွစွာနဲ့ အင်တိုက် အားတိုက်ပါဝင်နေသူပဲ ဖြစ် ပါတယ်..။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၁)ရက်နေ့ ကတည်းက စတင်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့ အတူရပ်တည်ပြီး လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေ ပြုလုပ်ပြီးတော့လည်း တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့် ပါဝင်နေသူလည်း ဖြစ်ပါတယ်..။

တော်လှန်ရေး တိုက်ပွဲကြီးမှာ ရဲရဲရင့်ရင့်နဲ့ ပါဝင်ခဲ့တဲ့ နွယ်ဒါလီထွန်းကတော့ ၅၀၅-က ဖြင့် အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်တွေတစ်ဦးဖြစ်ပြီး လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကိုလည်း စိတ်ပူတဲ့အကြောင်း ပြောပြလာပါတယ်..။

သူမကိုယ်တိုင်က အရေးယူခြင်း ခံထားရပေမယ့်လည်း အကြောက်တရား က ပြည်သူလူထုကို လွှမ်းမိုးသွားမှာကိုပဲ စိတ်ပူပြီး လွယ်လွယ်နဲ့မမေ့ဘဲတတ်နိုင်တဲ့ဘက်ကနေ အားတင်း ထားကြဖို့ကိုလည်း သူမက ပြောပြထားပါသေးတယ်..။

“အကြောက်တရားကပြည်သူလူထုကို လွှမ်းမိုးသွားမှာပဲ စိတ်ပူတယ် ဒီမတရားမှုတွေ ကိုကျင့်သားမရကြပါနဲ့

လွယ်လွယ်နဲ့မေ့မပြစ်ကြပါနဲ့ရှင် တတ်နိုင်တဲ့ဘက်ကဆက်ပီးတွန်းလှန်ကြပါ အတူပါဝင်ပေးကြပါ

အရေးတော်ပုံအောင်ရမည် 💪..” ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းကလည်း အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက် အပါအဝင်ဖြစ်တာမို့ ပရိသတ်တွေကလည်း စိုးရိမ်စိတ်တွေနဲ့ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Nwe Darli Tun’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *