ကိုယ်တိုင်က ဝရမ်းထုတ် ခံထားရ ပေမယ့်လည်း ပြည်သူ့ ဝန်ထမ်းတွေ အတွက် ပိုစိတ်ပူနေပြီး သတိ နဲ့နေဖို့ မှာလိုက်တဲ့ မင်းမော်ကွန်း

Posted on

သရုပ်ဆောင် မင်းမော်ကွန်း ကတော့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့ တစ်သွေးတည်း တစ်သားတည်း ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတိုင်းကိုလည်း ဂရုတစိုက်နဲ့ နေထိုင်ကြဖို့ကို လည်း အမြဲမှာ ကြားနေသူပါ။ အခြေအနေအရပ်ရပ်ကြောင့် မိသားစုနဲ့ ခွဲခွာနေ ရပေမယ့်လည်း အရေးတော် ပုံကြီး အောင်မြင်ဖို့ စိတ်အားထက်သန်နေသူဖြစ်တာကြောင့် ပရိသတ်တွေက လေးစားနေကြတာပါ။

မနေ့ညက မင်းမော်ကွန်းအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားကြောင်း ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ကိုယ်တိုင်ကဝရမ်းထုတ်ခံထားရ ပေမယ့်လည်း ပြည်သူ့ ဝန်ထမ်းတွေ အတွက် ပိုစိတ်ပူနေပြီး သတိနဲ့နေဖို့ ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ သူက လည်း ” ပြည်သူ့ဝန်ထမ်းတွေ Supporter တွေ

ပိုသတိထားကြ ပါခင်မျာ

၃၁ ရက်နေ့ ကတည်းက

ပြည်သူ့ဝန်ထမ်းတွေ ကိုပို ငြိုးမယ်လို့

တွေးမိစိတ်ပူမိပါတယ်

ခုကျွန်တော်တို့ သတင်းတွေက

သူတို့လက်ရှိ လုပ်နေတဲ့ ပုံစံနဲ့

တော်တော်ကွဲလွဲနေတာတွေရှိပါတယ်

တကယ်ဆို ဖမ်းဝရမ်း ထုတ်စရာမလိုဘဲ

ကျွန်တော်တို့ အနုပညာရှင်တွေ

Cele တွေကို အချိန်မရွေး

ဖမ်းလို့ရပါတယ်

အာရုံလွှဲသလို ခံစားရလို့ပါ

သတိထားကြပါခင်ဗျာ ” ဆိုပြီး သတိပေး စကားတွေ ရေးသား ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *