ကိုယ်တိုင်က ဘေးလွတ်ရာ ကို ရှောင်တိမ်း နေရပေမယ့် အမှန်တရား အတွက် ဆက်လက် တိုက်ပွဲဝင် နေမယ့် အကြောင်း ပြောလာတဲ့ မြနှင်းရည်လွင်

Posted on

ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် အသိအမှတ်ပြု အားပေး ချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး မြနှင်းရည်လွင်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အားကြိုးမာန်တက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

အရေးတော်ပုံကြီး အောင်မြင်ဖို့ အတွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် အခြားလှုပ်ရှားမှုတွေ မှာလည်း အင်တိုက်အားတိုက် နဲ့ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

မြနှင်းရည်လွင်ကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရကာ ကိုယ်တိုင်က ဘေးလွတ်ရာကို ရှောင်တိမ်းနေရပေမယ့် လည်း အမှန်တရားအတွက် တတ်နိုင်သလောက် ဆက်လက်ကြိုးစားနေသူလည်း ဖြစ်ပါတယ်..။

ပြည်သူတွေမှာ ပြည်သူတွေပဲရှိပြီး အမှန်တရား အတွက် ဆက်လက် တိုက်ပွဲဝင်နေမှာဖြစ်ပြီး သူရဲကောင်းတွေက ဒီမိုကရေစီကို မြတ်နိုးတဲ့ အကြောင်းတွေကိုလည်း ပြောပြလာပါတယ်..။

“ငါတို့မှာ ငါတို့ပဲရှိပေမယ့်

ငါတို့မှာ အမှန်တရားရှိတယ်

အမှန်တရားမှာ အနိုင်ပဲ ရှိတယ်

ဘုရင့်နောင်ဖောင်ဖျက်လိုက်တဲ့ အချိန်မှာ

ငါတို့အားလုံးက သူရဲကောင်းတွေပဲ ဖြစ် တယ်

သူရဲကောင်းဆိုတာ ခုတ်ရင် ရှေ့ကပဲ ခုတ်တယ်

သူရဲကောင်းဆိုတာ သွေးကြွေးကိုသွေးကြွေး နဲ့ပဲဆပ်တယ်

သူရဲကောင်းဆိုတာ အချစ်ကြီးရင် အမျက်ကြီးတယ်

သူရဲကောင်းဆိုတာ လိုချင်တာကို ရအောင်ယူတယ်

ပြီးတော့

သူရဲကောင်းဆိုတာ ဒီမိုကရေစီကို သိပ်မြတ်နိုးတယ်

RejectMilitaryCoupInMyanmar..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အ​ရေးတော်ပုံကြီးမှာ သွေးမအေး အားမလျော့သွားဘဲ အစွန်းကုန် ပါဝင်နေတဲ့ မြနှင်းရည်လွင် ရဲ့ စိတ်ဓာတ်ပြတ်သားမှုတွေကတော့ ပြည်သူတွေကို သဘောကျစေပါတယ်..။

Photo Credit – Mya Hnin Yee Lwin’s Fb Ac

Leave a Reply

Your email address will not be published. Required fields are marked *