ကိုယ်ခံ အားနည်းပြီး မကြာခဏ ဖျားနာ တတ်သူတွေ လိုက်နာ သင့်တဲ့ နည်းလမ်းများ

Posted on

ရာသီအကူး အပြောင်းမှာပဲဖြစ်ဖြစ်၊ ရာသီဥတု နည်းနည်းအေးလာတာနဲ့ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတတ်သူတွေဟာ ခန္ဓာကိုယ်ခုခံအားစနစ်မှာ တခြားသူတွေထက်ပိုပြီး အားနည်းကြလို့ပဲ ဖြစ်ပါတယ်။ ကိုယ်ခံအားနည်းသူတွေဟာ ကျန်းမာရေးပိုင်းမှာ တခြားသူတွေထက် ပိုဂရုစိုက်ဖို့ လိုအပ်ပြီး ဒီလိုမကြာခဏ ကျန်းမာရေး ချူချာတတ်သူတွေ လိုက်နာသင့်တဲ့ နည်းလမ်းတွေ ကို ဖော်ပြပေး ချင်ပါတယ်။

တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ – ကိုယ်ခံ အားနည်းတတ်သူတွေဟာ တခြားသူတွေထက် ကူးစက်ရောဂါ၊ တုပ်ကွေးဖျားနာ စတာတွေ ပိုမိုဖြစ်ပွားနိုင်တာကြောင့် တကိုယ်ရည် သန့်ရှင်းရေးကို ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။အိပ်ရေးဝဝ အိပ်စက်ပါ – အိပ်ချိန်နည်းတာ၊ အိပ်ရေးပျက်များတာတွေဟာဆိုရင်လည်း ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တာကြောင့် အိပ်စက်ချိန် ကို ပိုမိုဂရုစိုက်သင့်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ ခုခံအားစနစ်ကို မြင့်တက်စေနိုင်တာကြောင့် တနေ့ကို ၈ နာရီခန့် အိပ်စက်ပေးသင့်ပါတယ်။

အာဟာရဖြစ်မယ့် အစားအစာတွေကို စားသုံးပါ – ကိုယ်ခံအားနည်း သူတွေ နောက်ထပ် ဂရုစိုက်ရမယ့် အချက် တခုကတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးဖို့ပါ။ ဆီကြော်တွေ၊ အသင့်စားအစားအစာတွေဟာ ကိုယ်ခံအားစနစ်ကို ပိုမိုယုတ်လျော့စေနိုင်တာကြောင့် အာဟာ ရ ပြည့်ဝတဲ့ အသီးအရွက်၊ အသား၊ ငါး စတာတွေကို စားသုံးပေးသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှား ပြုလုပ်ပါ – လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူး ဆိုရင်တော့ တနေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ လမ်းလျှောက်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။လက်ဆေးပါ – အပြင်ကပြန်လာတဲ့အခါဖြစ်ဖြစ်၊ အစာမစားခင် စတဲ့အချိန်တွေမှာ လက်တွေကို သေချာစင်ကြယ်အောင် ဆေးပေးဖို့ကလည်း လိုက်နာရမယ့် အချက်တခု ဖြစ် ပါတယ်။

crd

zawgyi

ရာသီအကူး အေျပာင္းမွာပဲျဖစ္ျဖစ္၊ ရာသီဥတု နည္းနည္းေအးလာတာနဲ႔ ႏွာေစး၊ ေခ်ာင္းဆိုး၊ ဖ်ားနာတတ္သူေတြဟာ ခႏၶာကိုယ္ခုခံအားစနစ္မွာ တျခားသူေတြထက္ပိုၿပီး အားနည္းၾကလို႔ပဲ ျဖစ္ပါတယ္။ ကိုယ္ခံအားနည္းသူေတြဟာ က်န္းမာေရးပိုင္းမွာ တျခားသူေတြထက္ ပိုဂ႐ုစိုက္ဖို႔ လိုအပ္ၿပီး ဒီလိုမၾကာခဏ က်န္းမာေရး ခ်ဴခ်ာတတ္သူေတြ လိုက္နာသင့္တဲ့ နည္းလမ္းေတြ ကို ေဖာ္ျပေပး ခ်င္ပါတယ္။

တကိုယ္ရည္ သန႔္ရွင္းေရးကို ဂ႐ုစိုက္ပါ – ကိုယ္ခံ အားနည္းတတ္သူေတြဟာ တျခားသူေတြထက္ ကူးစက္ေရာဂါ၊ တုပ္ေကြးဖ်ားနာ စတာေတြ ပိုမိုျဖစ္ပြားႏိုင္တာေၾကာင့္ တကိုယ္ရည္ သန႔္ရွင္းေရးကို ပိုမိုဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။အိပ္ေရးဝဝ အိပ္စက္ပါ – အိပ္ခ်ိန္နည္းတာ၊ အိပ္ေရးပ်က္မ်ားတာေတြဟာဆိုရင္လည္း ကိုယ္ခံအားစနစ္ကို အားနည္းေစႏိုင္တာေၾကာင့္ အိပ္စက္ခ်ိန္ ကို ပိုမိုဂ႐ုစိုက္သင့္ပါတယ္။ အိပ္ေရးဝဝ အိပ္စက္ျခင္းဟာ ခုခံအားစနစ္ကို ျမင့္တက္ေစႏိုင္တာေၾကာင့္ တေန႔ကို ၈ နာရီခန႔္ အိပ္စက္ေပးသင့္ပါတယ္။

အာဟာရျဖစ္မယ့္ အစားအစာေတြကို စားသုံးပါ – ကိုယ္ခံအားနည္း သူေတြ ေနာက္ထပ္ ဂ႐ုစိုက္ရမယ့္ အခ်က္ တခုကေတာ့ အာဟာရျပည့္ဝတဲ့ အစားအစာေတြ စားသုံးဖို႔ပါ။ ဆီေၾကာ္ေတြ၊ အသင့္စားအစားအစာေတြဟာ ကိုယ္ခံအားစနစ္ကို ပိုမိုယုတ္ေလ်ာ့ေစႏိုင္တာေၾကာင့္ အာဟာ ရ ျပည့္ဝတဲ့ အသီးအ႐ြက္၊ အသား၊ ငါး စတာေတြကို စားသုံးေပးသင့္ပါတယ္။

ကိုယ္လက္လႈပ္ရွား ျပဳလုပ္ပါ – ေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္မေပးႏိုင္ဘူး ဆိုရင္ေတာ့ တေန႔ကို အနည္းဆုံး ၁၅ မိနစ္ကေန နာရီဝက္ေလာက္အထိ လမ္းေလွ်ာက္ေပးတာမ်ိဳး ျပဳလုပ္ေပးသင့္ပါတယ္။လက္ေဆးပါ – အျပင္ကျပန္လာတဲ့အခါျဖစ္ျဖစ္၊ အစာမစားခင္ စတဲ့အခ်ိန္ေတြမွာ လက္ေတြကို ေသခ်ာစင္ၾကယ္ေအာင္ ေဆးေပးဖို႔ကလည္း လိုက္နာရမယ့္ အခ်က္တခု ျဖစ္ ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *