ဖုန်း တစ်လုံးကိုဘယ်လိုနည်း နဲ့ဟက်လို့ရနိုင်လဲ ။ ဖုန်းတစ်လုံး ကို ဟက်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ Spy Phone App , Spyzie နဲ့ Spyera အစရှိတဲ့ App တွေကိုအသုံးပြုပြီးတော့ ဟက်နိုင်သလို အင်တာနက်ကဖေးတွေ မှာလွှင့် ထားတဲ့ ဖရီးဝိုင်ဖိုင်တွေက တစ် ဆင့်လည်း ဟက်နိုင်ပါသေးတယ်။
ထို့အပြင် SMS Phishing လို့ခေါ်တဲ့ အေယာင်ဆောင် စာပို့မှုတွေ နဲ့ သုံးစွဲသူဆီကအခြက်အလက် တွေကို တောင်းယူ ကာ ဘဏ်အေကာင့် သို့မဟုတ် ဓါတ်ပုံတွေကို ဟက်ယူနိုင်သေးသလို SS7 လို့ခေါ်တဲ့ ကြားဖြတ်ဖုန်းခေါ်ဆိုမှုကိုနားေ ထာင် တဲ့ နည်း စနစ်တွေလည်းရွိနေပါသေး တယ်။ ဒီတော့ ကိုယ့်ဖုန်း အဟက်ခံထားရရင် ဘယ်လိုသိနိုင်မလဲ ။
ကိုယ်မသိပဲနောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ စပိုင်ပရိုဂရမ်တစ်ခုရှိနေတာကြောင့် ဖုန်းဘတ္ထီရီ ကုန်တာအရမ်းမြန်လာမယ် ။ ဖုန်းမသုံးပဲ ချ ထားရင်တောင်မှ အလိုအလျောက်ပူလာနေမယ် ။ အလိုအလျောက်ပိတ်သွားတာမျိုး ၊အလိုအလျောက်ဖုန်းခေါ် ဆိုတာမျိုးတွေရှိလာမယ် ။ Call History မှာ ကိုယ်မသိတဲ့နံပတ်တွေပေါ်နေမယ် ။
ပါဝါခလုတ်ဖိထားရင် ဖုန်းပိတ်ရမယ့်အစား အခြား app တွေပွင့်လာမယ် ။ ဖုန်းပြော တဲ့အခါ ဆူညံသံတွေကြားနေရလိ မ့် မယ်။ ဒါ ဆိုရင် ကိုယ့်ဖုန်းကိုဘယ်လိုကာကွယ်ရမလဲ ။ကိုယ့်ဖုန်းထဲ SMS က တစ်ဆင့်ဝင်လာတဲ့ အင်တာ နက်လိပ်စာလင့်တွေကို ဘ ယ်တော့မှမနှိပ်ပါနဲ့ ။ ကိုယ့်ကွန်ပြူတာမဟုတ်တဲ့အခြားကွန်ပြူတာတစ်လုံးမှာတပ်ပြီးအားသွင်းတဲ့အခါ “Only Charging” ကိုပဲရွေးပါ ။
“Remember Passwords” ဖန်ရှင်ကိုဘယ်တော့မှမသုံးပါနဲ့ ။အခမဲ့ဝိုင်ဖိုင်တွေမှာဆိုရင်လည်း Password ခံထားတဲ့ ဝိုင်ဖိုင်တွေကို သာ ရွေးသုံးပါ ။ (ဝိတ်တာတွေဆီမှာ Password တောင်းပါ)အွန်လိုင်းငွေပေးချေစနစ်တွေအသုံးပြုတဲ့အခါမျိုးမှာ ဝိုင်ဖိုင်အ သုံးပြုပြီး ငွေလွှဲတာ မျိုး လုံးဝမပြုလုပ်သင့်ပါဘူး ။ဖုန်းထဲမှာ Anti-virus ပရိုဂရမ်တစ်ခု ထည့်သွင်းထားတာ အကောင်း ဆုံး ပါပဲ။
ခရက်ဒစ်