“ကိုယ့်ကိုယ် ကိုယ် သံသယ ဖြစ်ပြီ ဆိုရင် ဒါလေးတွေ ကျိန်းသေ လုပ်ပါ ”(အများသိအောင် မျှ‌ေ၀ပေးပါအုံး …)
Posted on
(day 1) ခေါင်းတွေ ထိုးကိုက်ပါတယ် ပေါက်ကွဲ မတတ်
(day 2) လည်ချောင်း မှာ ယားပြီး ချောင်းခြောက်ဆိုး ချင်လာ ပါတယ်
(day3) အနံ့တဖြေးဖြေးလွင့်လာပါတယ် လုံးဝမပျောက်သွားသေးပါဘူး
(day 4) ကိုယ်စားတဲ့ အစားအစာတွေ အနံ့စပျောက်လာပြီ အိမ်သာ အနံ့၊ဟင်းချက်တဲ့ အနံ့ ဘေးပတ်ဝန်းကျင်အနံ့တွေ ပျောက်သွားပါပြီ
စိတ်အေးအေးထားပါ စိတ်ကိုတင်းထားပါ စိတ်ကို ခိုင်ခိုင်ထားပါ ဘာသောကမှ မရောက်ပါနဲ့။ဒီရောဂါသည် ကိုယ်ခံ အား လျော့တဲ့ အချိန် ဝင်လာ တတ်ပြီး ကိုယ်ခံအား ပြန်ပြည့်တဲ့အခါ သူ့ အလိုလို ပြန်ထွက်သွားမှာပါ။ မိမိလုပ်ရမှာ က ရောဂါအခံ ဆီးချိူ သွေးချိူ သွေးတိုး ရှိလား အရင် စစ်ရပါမယ် အိမ်မှာပဲ စက်ဖြင့် စစ်ဆေးပါ လူအထိတွေ နည်းနိုင်သလောက် နည်းအောင်ဂရုစိုက်ပါ) ရောဂါအခံရှိလျှင် ဆေးရုံတန်းသွားပါ။
အကယ်၍ ရောဂါ အခံမရှိခဲ့လျှင် ကြက်ဥ တနေ့ ၂ လုံးစားရန် နံနက်စာ ပေါင်မုန့် နို့ ဂျုံပြောင်း ဆန် အကုန် စားပါ နံနက်စာ စားပြီးတာနဲ့ သေချာတာတစ်ခုက အနံ့ပျောက်နေတဲ့ အတွက်အစားအသောက် တွေသည် အရသာရှိ မှ စားချင် မှ မဟုတ် ပါဘူး မစားချင်ဘူးဆိုပြီး မစားပဲမနေပါ နဲ့ ကိုယ်ခံအား ကောင်းအောင် စားရမှာပါ ပြီးရင်Civit bbi 100 ကို ၂ လုံးသောက်ပါ ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ။ရေနွေးကြမ်း အဖန်ရည်သောက်ပါ ဂျင်းနဲ့ထန်းညက်ပြုတ်ထား တာသောက်ပါ။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ နေပူနေရင် မနက်နေကို မိနစ် ၂၀ လောက်လှူံပါ။နေခင်းဘက်လည်း ထမင်းစား ပါ အသီး၊အရွက်တွေစားပါ ကြက်သား ငါးစားပါ။ပြီးရင် ရေနွေး နဲ့ သံပုရာရည် ဖျော်သောက်ပါ သံပုရာသီးကို နှစ်ပြီးများများထည့်သောက်ပါ ။နေ့ခင်း ၂ နာရီလောက် အနည်းဆုံး ပြန်အိပ်ပါ။နိုးတာ နဲ့ စားဖို့လုပ်ပါ အားရှိတာစားပါ။ညဘက်လည်း ထမင်းစားပါ။Civit 2 လုံး ထပ်သောက်ပါ ။အိပ်ခါနီး ရေနွေး နဲ့ ဆားရည် ပါးလုပ် ကျင်းပါ။ညဘက်စောစော အိပ်ပါ
သုံးရက်မြောက်နေ့ဆို အနံ့အနည်းအကျင်းပြန်ရလာပါလိမ့်မယ်။တစ်ပတ် ဆယ်ရက် ဆို ပြန်ကောင်းသွားမှာပါ။အိမ်မှာပဲ stay home ပါ။။(မှတ်ချက်) ချောင်းအရမ်းဆိုးတာ အသက်ရှူကြပ်တာ ဝမ်းသွားတာ မောဟိုက်တာ အဖျားတတ်လာတာဆို ဆေးရုံသွားပြီး ဆေးကုသမူခံယူရပါမယ်။ တနေ့ကို ဆားရည် ၂ ခါ ပလုပ်ကျင်းရန် ကြက်ဥ ၂ လုံးစားရန်၊ ထမင်း ၂ ကြိမ်စားရန်(နေ့လည်စာ နှင့် ညစာ)၊အစာပြေ ၂ နှပ်စားရန်(နံနက်စာ နှင့် ညနေစာ)၊ကြက်သွန်ဖြူ ကြက်သွန်နီ နေ့တိုင်းစားပါရန်၊
Civit 4 လုံး(vitamin C 1000) သောက်ရန်၊ကိုယ်ခံအားကောင်းအောင် စားပြီးအိပ် အိပ်ပြီးစားပါရန်၊အအေးမခံပါ နဲ့ နွေးနွေးထွေးထွေး နေပါရန်၊ရေနွေး သောက်ပါရန်၊
ပူပူလောလော ထမင်း ဟင်းစား ပါရန်၊သေး ခဏခဏပေါက်ရန် နှင့် ချွေးထွက်အောင်နေပါရန်၊ အအေးတွေသောက်မည့်အစား RoyalD လိုဓာတ်ဆားများများသောက်ပေးရန် ကိုယ်လက်လေ့ကျင်ခန်းလုပ်ပါ (ပင်ပန်းလောက်သည်ထိ ပြင်းပြင်းထန်ထန် မလုပ်ပါရန်)#နောက်ထပ်သူငယ်ချင်း မိတ်ဆွေများသိအောင်လည်း ဒီပို့စ်ကို ရှယ်ပေး ကြပါရန် နှိုးဆော်ပါသည်တခြားဗဟုသုတအကြောင်းအရာတွေသိဖို့ page ကို like and follow လုပ်ထားပေးဖို့ မမေ့ပါနဲ့ဦးနော်။
Credit – Ko Kyaw
zawgyi
Credit – Ko Kyaw
Leave a Reply
Your email address will not be published. Required fields are marked *